Sweet December! (Part 3)
Merry Christmas!
※ ※ ※ ※
"ပါးကရမ်းလှယယ်"
"ချောတာပါ..."
"ဟုတ်ဝူး...ပါးကလှရာ"
"ပါးသမီးလေးကတော့အလှဆုံး...
ဟုတ်ပြီလား"
"ဟုတ်ယယ်"
ဘုန်းမြတ်သူအတွက်တော့မိသားစုနဲ့ဖြတ်သန်းရတဲ့ခရစ်စမတ်တိုင်းကအပျော်ရွှင်ရဆုံးပါပဲ။ညဈေးလေးတွေဆီသွားဖို့ပြင်ဆင်နေကြခြင်းဖြစ်သည်။မှူးမြတ်သူပြည့်ကတော့သူနှင့်လိုက်လာပြီး သွန်းမြတ်သူဇော်နှင့်ရှိုင်းထက်အောင်ကဘာတွေပေါင်းကြံနေသလဲတော့မပြောတတ်။
"သွန်းမြတ်သူဇော်...
သေချာပြီလားမလိုက်ဘူးဆိုတာ...
ညီမလေးကိုမုန့်တွေများကြီးဝယ်ကျွေးမှာနော်"
"လိုက်ဝူးလို့"
"ကျွန်တော်တို့ပြင်ဆင်စရာလေးတွေရှိလို့ပါဆို
ဦးကလဲ..."
"သဘောပဲ...ငါက
မိသားစုလေးယောက်လုံး
အတူတူသွားချင်တာ"
ဆူပုတ်ပုတ်မျက်နှာလေးဖြစ်နေတဲ့ဦးဘုန်းမြတ်သူကအသက်၄၀ဆိုတာတစ်ကယ်မယုံကြည်နိုင်စရာပါပဲ။
ရှိုင်းထက်အောင် ဦးရဲ့ပါးနှစ်ဖက်ကိုဆွဲလိုက်တော့သူ့ကိုလှမ်းရိုက်တော့သည်။"ငါကလေးမဟုတ်ဘူး"
"သိတယ်...လူကြီးလေးနော်...
အနွေးထည်ထူထူဝတ်သွား
ညနေဘက်ဆိုအေးတယ်
ညရောက်တဲ့အထိလဲမနေနဲ့
စောစောပြန်လာ"
"အဘိုးကြီးကျနေတာပဲ
ပွစိပွစိနဲ့တအားပဲ"
အနွေးထည်နှစ်ခုကိုဆွဲယူပြီးမှူးမြတ်သူပြည့်ကိုကောက်ချီကာအိမ်ထဲကနေစိတ်မရှည်စွာထွက်သွားတဲ့ဦးဘုန်းမြတ်သူကြောင့်ကျန်ခဲ့တဲ့နှစ်ယောက်မှာအူတက်အောင်ရယ်နေမိသည်။
"ဖေ့ကိုကူမှာလား..."
"ကူဝူး...မုန့်ပဲစားမှာ"
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Teen Fiction15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|