ဦးရဲ့ကမ္ဘာငယ် ၁၃

2.3K 168 11
                                    

ဦးရဲ့ကမ္ဘာငယ်



" အား...

ဒီလက်ကသောက်အချိုးကိုမပြေ "

စာရေးနေရင်းမှခုံနှင့်ထောက်မိသည့်ဘယ်လက်ကိုကြည့်ရင်းဆဲလိုက်မိသည်။နွယ်သက်ခိုင်ထိုကဲ့သို့သောစကားလုံးတို့ကိုမပြောတာကြာလေပြီ။သို့သော်ငြားသိပ်ကိုစိတ်အချဉ်ပေါက်လာလျှင်တော့မပြောသင့်တဲ့စကားလုံးတွေအကုန်ပြောထွက်မိမည်သာဖြစ်ပေသည်။တစ်ယောက်ယောက်ကိုဆွဲထိုးချင်သည့်စိတ်တွေလဲဖြစ်ပေါ်နေပါ၏။အကြောင်းအရင်းကားရေရေရာရာမရှိသော်ငြားသူအမှန်ပင်စိတ်တိုနေပါသည်။အော်ငိုပစ်ချင်သောစိတ်တို့သည့်လည်းသူ့အားအနှောင်အယှက်ပေးလွန်းလှသည်။ရေးနေသောစာတွင်လဲစိတ်မပါတော့။စာမေးပွဲအားလည်းမဖြေချင်‌တော့။

ခုံပေါ်တွင်မှောက်ထားသောဓာတ်ပုံဘောင်လေးကားပိရိသေသပ်စွာမှောက်ထားမြဲ။သို့သော်လည်းညှို့ငင်နိုင်စွမ်းရှိသည့်ထိုဓာတ်ပုံဘောင်လေးဆီသို့နွယ်သက်ခိုင်၏လက်လေးသည်ဖြေးညင်းစွာရောက်ရှိသွားပြန်လေ၏။ဓာတ်ပုံဘောင်လေးအားထောင်ရန်လက်လှမ်းပြီးကာကျမှလက်တို့သည်လေထဲတွင်ရပ်တန့်သွားခဲ့ပြန်သည်။ထို့နောက်တိုးတိတ်စွာရေရွတ်လိုက်မိသည်။

*ငါမကြာခင်လိုက်လာခဲ့ပါ့မယ်*

နွေဦးမှာ‌ရွာသောမိုးရေစက်များသည်ကားအတိုင်းအဆမရှိလောက်အောင်ပင်လှပလွန်းပေ၏။ပိတောက်ပန်းတို့ပွင့်တော့မည်ဟူသောအသိသည်နွယ်သက်ခိုင်၏နှလုံးသားအနက်ရှိုင်းဆုံးနေရာမှာနာကျင်မှုအားပို၍တိုးစေပါသည်။အောင့်တက်လာသောရင်ဘတ်အားဖိထားရင်အသက်ကိုပြင်းပြင်းရှူနေမိသည်။သင်္ကြန်...သူသိပ်မုန်းနေခဲ့ပါသည်။နွေရာသီကိုသူသိပ်မုန်းပါသည်။အမှတ်တရတို့တည်ရှိနေသောနွေရာသီ။

ချစ်ဦးသူရယ်

မင်းကိုသိပ်လွမ်းမိပါရဲ့

မင်းကြိုက်တဲ့နွေရာသီရောက်နေပြီ

မင်းမြတ်နိုးတဲ့ပန်းတွေလဲပွင့်နေပြီ

နွေကိုချစ်တဲ့မင်း

မင်းကိုချစ်တဲ့ငါ

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now