ဦးရဲ့ကမ္ဘာငယ် ၃၇

1.4K 76 7
                                    

ဦးရဲ့ကမ္ဘာငယ်


"ဒီပုံတွေကဘာတွေလဲ

ဘုန်းမြတ်သူ..."

သင်္ကြန်တုန်းကသူနဲ့ရှိုင်းထက်အောင်ရဲ့ပုံတွေပင်။

သူ့ကိုရှိုင်းထက်အောင်ကပိတောက်ပန်းပေးနေသည့်ပုံ။

"သင်္ကြန်မှာပိတောက်ပန်းပေးတာကထူးဆန်းလို့လား"

ဒေါ်ခိုင်ခိုင်မြတ် မျက်မှောင်ကြုံ့လိုက်ရင်းဘုန်းမြတ်သူကိုကြည့်သည်။

အခုသူ့သားကသူ့ကိုပြန်မေးခွန်းထုတ်နေပြီလား။

"ငါ့ကိုပြန်မေးခွန်းထုတ်ဖို့ငါမသင်ပေးထားဘူး

ဒါကနင့်တို့coffeeဆိုင်မှာဖြစ်ပျက်နေတဲ့ပုံတွေ

ဒါကနင့်ကွန်ဒိုရဲ့ကားparkingမှာနင်နဲ့အဲ့ကလေးနဲ့နမ်းနေတာ...

အခုငါကအဲ့ကလေးနဲ့နင့်အ‌ခြေအနေကိုငါမေးနေတာ"

"သူနဲ့ကျွန်တော်နဲ့တွဲနေတာ"

ဒေါ်ခိုင်ခိုင်မြတ်ကိုမကြောက်ဘူးလို့ဖြေရင်လိမ်ရာကျမှာပေါ့။

ဘုန်းမြတ်သူကြောက်တယ်။ဒါပေမယ့်

သူ့ရဲ့ကမ္ဘာငယ်လေးနဲ့ခွဲခွာရမှာနဲ့ယဉ်ရင်ဒါကမပြောပလောက်ဘူးပမွှားလေးပါပဲ။သူပိုင်ဆိုင်ထားတဲ့ကမ္ဘာငယ်လေးကိုတောင်သူမကာကွယ်နိုင်ရင်သူ့နာမည်ကိုဘုန်းမြတ်သူလို့ခေါ်မနေနဲ့တော့။

"အခုချက်ချင်းဖြတ်လိုက်..."

"မဖြတ်နိုင်ဘူး...ကျွန်တော်သူ့ကိုချစ်တယ်"

"ဒါငါ့အမိန့်ပဲ...မင်းနဲ့အဲ့ကလေးနဲ့

လုံးဝသဘောမတူနိုင်ဘူး"

"မေမေ့ရဲ့အမိန့်ကသားအချစ်ရေးမှာတော့

ဝင်စွက်ဖက်လို့မရဘူး..."

"သူ့မိဘတွေသိသွားရင်ရောဘယ်လိုလဲ...

သူ့အသိုင်းအဝိုင်းအတွင်းမှာပေါက်ကြားသွားရင်ရော...

ငါဘာလုပ်နိုင်လဲမင်းသိတယ်မလား"

"တစ်ချိန်ကျရင်လဲဒါကိုသူ့အဝိုင်းအဝိုင်းက

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now