ဦးရဲ့ကမ္ဘာငယ် ၄၃

1.4K 70 8
                                    

ပုံထဲကဓားကဦးရဲ့ဓားမြှောင်လေးပါ

ဦးလိုပဲအဆိပ်ပြင်းပါတယ် ခိခိ

အရှေ့ပိုင်းမှာပုံထည့်ဖို့ကျန်ခဲ့လို့T_T

____________________

ဦးရဲ့ကမ္ဘာငယ်

ကျောက်မျက်ရတနာပြပွဲ



"Bossကအရမ်းမိုက်တာပဲ..."

"ဟဲ့ရေ...ငါမြင်ခဲ့တယ်သိလား

သီရိမေကလေBossရဲ့

necktieကိုစည်းပေးနေတာဟ..."

"နင်တို့ပါးစပ်ကိုမပိတ်ထားနိုင်ဘူးလား!"

သက်လျာရဲ့ပိတ်‌ဟောက်သံအဆုံးတိခနဲငြိမ်ကျသွားသောဝန်ထမ်းတွေ။သီရိမေနှင့်သက်လျာ၏ပြိုင်ဆိုင်မှုကိုသိထားသည့်ဝန်ထမ်းတွေကသက်လျာကိုအံ့ဩသလိုကြည့်ကြသည်။သက်လျာကအခုလေးတင်သီရိမေကိုပုတ်ခတ်နေကြသည့်ဝန်ထမ်းတွေထံမှကာကွယ်ပေးလိုက်သည်မဟုတ်ပါလား။

ဘုန်းမြတ်သူထွက်လာသည့်အခါထိုအခြေအနေကရုတ်ချည်းပြောင်းလဲသွား၏။

"Bossကချောလွန်းတယ်ဟာ..."

"အရှိန်အဝါတွေကမျက်စိတောင်ကျိန်းကုန်ပြီ

...အဟိ"

ထိုစကားတွေကိုကြားတော့ဘုန်းမြတ်သူကပြုံးသည်။သဘောကျသည့်အပြုံး။

"မြင်လိုက်လား...မြင်လိုက်လား

ငါတို့ရဲ့ရေခဲရိုက်Bossကပြုံးနေတယ်ဟ"

သီရိမေကရယ်ချင်တာကိုမျိုချနေရသည်။ပြောခွင့်ရှိမယ်ဆိုလျှင်'ရှမည့်အရေးမျှော်လင့်မနေကြပါနဲ့'ဟုပြောလိုက်မည်သာ။

"ဦးနိုင်မှာပါ...သိလား

ကျွန်တော်ကဦးရဲ့Lucky charmလေးလေ"

ဖုန်းထဲကvoice recordလေးကိုဘုန်းမြတ်သူထပ်ခါထပ်ခါနားထောင်နေမိသည်။သဘောကျလွန်းလို့သူရူးတော့မယ်ထင်တယ်။

"အဆင်သင့်ပဲလား"

"အင်း..."

ထက်ပိုင်ကရှေ့ကဦးဆောင်၍ဘုန်းမြတ်သူ၊သီရိမေနှင့်ကြယ်စင်ကအလယ်။လင်းမြတ်နဲ့ကောင်းခန့်ကနောက်ကလိုက်သည်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now