ဒါကတော့နှုတ်ဆက်စာလေးပါ။
February ကစတင်တဲ့ဒီFicလေးက Decemberမှာ လှလှပပလေးအဆုံးသတ်သွားပါပြီ။မိုရီကန်နီအတွက်ဒီFictionလေးကဘဝရဲ့အရေးပါတဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ကြားထဲမှာမိုရီကန်နီရဲ့ကိုယ်ရေးကိုယ်ထာကိစ္စလေးတွေကြောင့်အချိန်လေးတွေကြာပြီးupdateမမှန်တာကိုသည်းခံပေးကြလို့အများကြီးကျေးဇူးတင်ပါတယ်။
Ficထဲမှာမရှင်းတဲ့နေရာတွေရှိရင်လည်းမေးလို့ရပါတယ်အကုန်ဖြေသွားပါမယ်။
ဒီFictionလေးထဲမှာပါဝင်သမျှကမိုရီကန်နီရဲ့စိတ်ကူးတွေချည်းပါပဲ။
ပုလဲလုပ်ငန်းကိုဘာကြောင့်ထည့်လဲဆိုတာလဲ တစ်ခါတည်းပြောထားပါတယ်။ ပုလဲတွေကို ကန်နီကသိပ်သဘောကျတာကြောင့်လည်းထည့်ရေးထားတာပါ။
သားအိမ်အစားထိုးကုသမှုကိုထည့်တာကတော့သူငယ်ချင်းနဲ့တိုင်ပင်ပြီးထည့်ဖြစ်တာပါ။ ဆေးနဲ့သားအိမ်တည်တာကတော့ အတွေ့များလို့သူများနဲ့မတူကွဲထွက်အောင် ဒီနည်းလမ်းကိုစွန့်စားပြီးထည့်လိုက်တာပါ။
ဖန်ပြွန်သန္ဓေသား နဲ့ သားအိမ်အစားထိုးတာကမတူပါဘူး။သိသိသာသာကွဲပါတယ်။ ဦးရဲ့အသက်အနေအထားရကြောင့်ရော၊ ဖန်ပြွန်သန္ဓေသား နဲ့သားအိမ်အစားထိုးခြင်း ကမိန်းကလေးဆီမှာတောင်အောင်မြင်နိုင်ချေနည်းတာကြောင့်ရော အဲ့အပိုင်းတွေရေးတုန်းကဆို ကန်နီသတိထားပြီးရေးရတာ။
Google translate ကိုတော့လုံးဝကျေးဇူးတင်ရမယ် factတော်တော်များများကိုသူ့ကြောင့်နားလည်တာ။ XD
နောက်ကန်နီက ဦးဘုန်းမြတ်သူကိုမနာကျင်စေချင် ခပ်မြန်မြန်ပဲသားအိမ်နဲ့အသားကျခိုင်းပြီးကိုယ်ဝန်တည်စေတာပါ။တကယ့် side-effect တွေကအတော်ဆိုးဆိုးဝါးဝါးခံရပါတယ်။ မအောင်မြင်ပဲဆုံးရှုံးရတာတွေတကယ်အများကြီးပဲ။
အဲ့တာတွေဖတ်ရင်းကန်နီတောင်ငိုချင်တယ်ရယ်။
ပြောချင်တာဦးကသူ့အသက်နဲ့လုံးဝကြီးကိုရင်းချပစ်လိုက်တာကလေးရဖို့ကို။ရှိုင်းထက်အောင်ကလည်းဆရာဝန်တစ်ယောက်ပဲလေသူအကုန်နားလည်လို့ခါးခါးသီးသီးငြင်းနေတာ။

YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Genç Kurgu15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|