ဦးရဲ့ကမ္ဘာငယ်
သီချင်းလေးတစ်ပုဒ်အတူတူသီဆိုခဲ့ကြ...
"ကိုယ့်ကိုဂီတာတီးပြမယ်ဆို"
ဘုန်းမြတ်သူကသူအိပ်ပျော်နေချိန်မှာရှိုင်းထက်အောင်ပြောသွားသမျှကိုမှတ်မိနေပါသည်။အဲ့ဒါကြောင့်လဲထိုတစ်လလုံးမှာသူပျက်ကွက်ခဲ့သမျှကွက်လပ်လေးတွေကိုပြန်ဖြည့်ပေးဖို့ကြိုးစားနေတာဖြစ်သည်။
ရှိုင်းထက်အောင်ဟာသူ့အိပ်ပျော်နေတုန်းအချိန်လေးမှာစကားတွေအများကြီးလာပြောခဲ့တာဖြစ်သည်။သူဂီတာတီးသင်နေပြီဖြစ်ကြောင်း...။သူသီချင်းတွေကိုစမ်းတီးနေပြီဖြစ်ကြောင်း...။စုံလို့ပါပဲ။"ဦးကအကုန်မှတ်မိနေတာပဲ
တကယ်အိပ်နေတာရောဟုတ်လို့လား""ငါနိုးနေတာပါ
တစ်ရက်ကလေးမှအိပ်မနေခဲ့ဘူး
ဒါပေမယ့်မျက်လုံးမဖွင့်နိုင်သလို
လှုပ်လို့လဲမရဘူး""ဒီကိုလာ..."
သူတို့ကဘုန်းမြတ်သူရဲ့condoမှာပြန်နေ နေကြတာဖြစ်သည်။ဦးဘုန်းမြတ်သူကတဖြည်းဖြည်းတအားချစ်ဖို့ကောင်းလာလို့ရှိုင်းထက်အောင်မှာစိတ်မချဖြစ်နေရတာအမြဲ။
ဦးကိုရင်ခွင်ထဲမှာထည့်ထားရင်းဂီတာတီးချင်ပေမဲ့ဦးကတော့အနားမှာပဲထိုင်နေသည်။
သံစဉ်စတော့ဦးကသူ့ပခုံးပေါ်မှီတွဲလာသည်။အခြေအနေလေးဟာကြည်နူးဖွယ်အတိ။
~အားတင်းထားပါဦး
မငိုနဲ့ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော်
ငါတို့ဘဝအတွက်ပေါ့
အတူတူ ကြိုးစားခဲ့တာပဲ
ကံတရားဟာ ထင်သလောက်တော့
မရက်စက်ခဲ့တဲ့အတွက်
တို့နှစ်ယောက် မျှော်လင့်နိုင်ပါသေးတယ်
အုတ်တစ်ချပ်နဲ့သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့ မဝေးတော့လို့
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Teen Fiction15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|