ဦးရဲ့ကမ္ဘာငယ် {Family ♡EXTRA 6♡END}

2.4K 80 4
                                    

Kids go to school!

⁎⁎⁎⁎

First Day of School

ဒီနေ့ကကလေးနှစ်ယောက်ရဲ့ပထမဆုံးကျောင်းသွားရမဲ့ရက်။ဘုန်းမြတ်သူနဲ့ရှိုင်းထက်အောင်အတွက်တော့အချိန်တွေကုန်တာသိပ်မြန်လွန်းနေတယ်။သူတို့ရဲ့ရင်ခွင်ထဲက ကလေးနှစ်ယောက်ကိုကျောင်းဆီပို့ရတော့မယ်။ဆရာမတွေဆီမှာအပ်ရတော့မယ်။

ကံဆိုးစွာပဲဆေးရုံမှာအရေးကြီးတဲ့လူနာရောက်နေတာမို့လို့ရှိုင်းထက်အောင်က ကလေးတွေကိုမလိုက်ပို့နိုင်တော့ပါဘူး။

ကလေးနှစ်ယောက်ကတော့ပျော်နေပုံရပါတယ်။သူတို့သူငယ်ချင်းတွေရတော့မယ်။ကစားဖော်တွေရတော့မယ်။လောကအသစ်နဲ့ထိတွေ့ရတော့မယ်။စိတ်လှုပ်ရှားနေကြမှာအသေအချာပဲ။

"ကျောင်းမှာလိမ်လိမ်မာမာနေ

ဆရာတွေရဲ့စကားလဲနားထောင်နော်

စာသင်တာလဲသေချာလိုက်မှတ်နော်"

ကလေးနှစ်ယောက်ကခေါင်းလေးတွေတစ်ဆတ်ဆတ်ညိတ်ပြကြတယ်။ကလေးတွေထက်ဘုန်းမြတ်သူကပိုဆိုးနေသယောင်ယောင်။ စိတ်မချနိုင်ခြင်းတွေနဲ့ဦးဘုန်းမြတ်သူဝမ်းနည်းနေရပါတယ်။မျက်ခြေမပြတ်အမြဲတမ်းထိန်းကျောင်းလာခဲ့တဲ့သမီးတွေကိုမနက်၉း၀၀နေ ညနေ၂း၀၀ထိကျောင်းမှာထားခဲ့ရမှာ။ သူ့အရိပ်အောက်မှာ ထားခွင့်လေးကိုလက်လွှတ်ဆုံးရှုံးရတာမို့လို့ဝမ်းနည်းပြီးငိုတောင်ငိုချင်လာသလိုပဲ။

တစ်ချို့ကလေးတွေကမိဘနဲ့ခွဲရတဲ့ပထမဆုံးနေ့မှာငိုကြတယ်။တကယ်လို့သူ့သမီးနှစ်ယောက်သာ ငိုပြီးကျောင်းမှာမထားခဲ့ဖို့ပြောရင်ဘုန်းမြတ်သူပြန်ခေါ်လာမိမှာ။ အေးစက်လှပါပြီရဲ့ဆိုတဲ့ဘုန်းမြတ်သူကလဲနှလုံးသားနဲ့လူပါပဲ။ သမီးနှစ်ယောက်ကိုအသက်နဲ့လဲပြီးမွေးထားခဲ့ရတာမို့ရင်နဲ့မဆန့်အောင်ချစ်ရပါတယ်။

ဒါပေမယ့်ကလေးနှစ်ယောက်တော့တည်တည်ငြိမ်ငြိမ်ပဲသူ့ကိုလက်ပြနှုတ်ဆက်ကြတော့သမီးတွေအရွယ်ရောက်နေပြီလို့တောင်ဘုန်းမြတ်သူတွေးမိပါရဲ့။ သူစိတ်ပူနေရတာတွေလျော့ကျသွားပေမယ့်ကလေးတွေကသူ့ကိုခွဲနိုင်တယ်ဆိုတာကြီးကဝမ်းနည်းလာစေပြန်ရော။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now