ဦးရဲ့ကမ္ဘာငယ် ၃၈

1.5K 84 3
                                    

ဦးရဲ့ကမ္ဘာငယ်⚠



Nike brandအင်္ကျီဖြူဖြူလေးကမဲညစ်နေသည်။ 

သူဌေးသားလေးရှိုင်းထက်အောင်ကတစ်စုံတစ်ယောက်ရဲ့အိမ်ကိုခြံစည်းရိုးခုန်ကျော်ပြီးဝင်သတဲ့။

'ဒုန်း ဒုန်း ဒုန်း'

ခြံစည်းရိုးကျော်ဝင်ရုံတင်အားမရလို့ထိုအိမ်ကြီးရဲ့တံခါးကိုပါတစ်ဒုန်းဒုန်းထုလိုက်သေးတယ်တဲ့။

" ဘယ်သူ...ရှိုင်းထက်အောင်! "

"ဦး..."

ရှိုင်းထက်အောင်ကိုကြည့်ရင်းဘုန်းမြတ်သူသက်ပြင်းချသည်။

သေချာပါသည်။

ထိုကောင်လေးလဲမိဘတွေစီစဉ်ကြသည့်ကိစ္စကိုသိသွားလေပြီ။

သူ့အပေါ်အထင်လွဲသွားမလားလဲစိုးရိမ်မိပေမဲ့ညစ်ပေနေသည့်ကောင်လေးကိုအရင်သန့်ရှင်းခိုင်းရသည်။

"သွား...ရေသွားချိုး...ငါ့အင်္ကျီပဲယူဝတ်...

တစ်ကိုယ်လုံးမဲညစ်နေတာပဲ...

ဘာလုပ်ဖို့ခြံစည်းရိုးကျော်တက်လာတာလဲ

အဖမ်းခံရမှဟုတ်ပေ့ဖြစ်နေမယ်..."

"ကျွန်တော့်ကိုမထားခဲ့ဘူးမလား"

ဦးရဲ့လက်တွေကိုဆုပ်ကိုင်ရင်းမေးလိုက်တော့ဦးကမထင်မှတ်သလိုအံ့ဩနေဟန်။

"ဘာလို့ထားခဲ့ရမှာလဲ..."

"ကျွန်တော်က...ကျွန်တော်ကဘွဲ့လဲမရသေးဘူး

အလုပ်အကိုင်လဲမရှိဘူး...

ဦးကိုပဲကပ်တွယ်နေတဲ့အပိုလူ...အမ်း"

ဟုတ်ပါသည်...။ထိုအနမ်းသည်ဘုန်းမြတ်သူမှစနမ်းခြင်းသာ။ပြန်မနမ်းပဲအကြောင်သားရပ်နေသည့်ကောင်လေးကြောင့်ရှေ့ဆက်ပဲနမ်းရတော့မလိုရပ်ပဲရပ်လိုက်ရတော့မလို။မလိုအပ်တဲ့စကားလုံးတွေကိုဆက်မကြားချင်တော့လို့သာဆွဲကပ်နမ်းလိုက်ပေမဲ့ကြောင်အနေသည့်ကောင်လေးကိုစိတ်မရှည်ချင်။

ဘုန်းမြတ်သူကြုံနေရသည့်အခက်အခဲကိုသိနေသည့်အလားအနမ်းတွေ
ဆက်လက်ဦးဆောင်သွားသူမှာရှိုင်းထက်အောင်ပင်။ကလေးတစ်ယောက်ကLollipopစားနေသလိုမျိုးနှုတ်ခမ်းသားတွေကိုအတင်းလိုက်ဆွဲနေသည်မို့ဘုန်းမြတ်သူဆက်မနမ်းနိုင်တော့။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now