ဦးရဲ့ကမ္ဘာငယ် ၃၄

1.4K 85 7
                                    


ဦးရဲ့ကမ္ဘာငယ်



"Fresher Welcomeမှာ

ရှိုင်းထက်အောင်ကသီချင်းဆိုမှာတဲ့"

"The Whole Kingက

သီချင်းဆိုမှာတဲ့...အားးး"

"ငါလဲသီချင်းဆိုတဲ့အဖွဲ့ထဲပါလိုက်သင့်တာကို

ကြယ်စင်လေးလဲပါမှာတဲ့...ဟိ"

ကောင်မလေးတွေရဲ့စကားကိုနားထောင်ရင်းနွယ်သက်ခိုင်ရယ်နေမိသည်။သူတို့ဆေးကျောင်းမှာတော့
ရှိုင်းထက်အောင်ဟာနာမည်ကြီး။သူတို့မသိတာကတော့ရှိုင်းထက်အောင်ကပိုင်သူဆိုင်သူနှင့်။

ရှိုင်းထက်အောင်ဆိုမဲ့သီချင်းကဆောင်းဦးလှိုင်ရဲ့"အပိုဆု"တဲ့။နွယ်သက်ခိုင်ကတော့ဘယ်သူ့ကိုရည်ရွယ်ပြီးဆိုမှန်းသိထားသူမို့နှာခေါင်းရှုံ့မိသည်။ရှိုင်းထက်အောင်စိတ်ထဲဝင်ကြည့်လိုက်ရင်ဦးဘုန်းမြတ်သူဆိုတာလက်ညှိုးထိုးမလွဲအောင်ရှိနေမှာသေချာတယ်။

သီချင်းသံစဉ်ချိုချိုလေးကလွင့်ပျံလာတာကြောင့်ဆူညံနေသောအသံတွေအကုန်တိတ်သွားကာရှိုင်းထက်အောင်ရဲ့ဩရှရှနဲ့ချိုမြိန်နေသောအသံတစ်ခုတည်းသာထွက်ပေါ်‌နေသည်။rehearsalလုပ်နေသည့်stage ပေါ်မှရှိုင်းထက်အောင်ကိုတစ်ကျောင်းလုံးကလာကြည့်ကြလေရဲ့။

~ဘယ်တော့ ငါ့ကို မင်းပစ်သွားမယ် ငါမသိ~

~ဘယ်လောက်ငါ့ကို မင်းချစ်ဖူးတယ် ငါမကြည့်~

~ဘယ်ထိ ငါ့ကို မင်းလှည့်စားမလဲ ငါမသိခဲ့~

~ဒါတောင်အစအဆုံးမရှိ ချစ်ခဲ့ပြီ~

~ဘယ်လောက်ငါ့မှာအကျိုးအမြတ်ရှိမယ် ငါမကြည့်~

~ဘယ်အခါ စိတ်ကလေးချမ်းမြေ့ရမယ် ငါမသိ~

~ဘယ်နေ့ မင်းကြောင့်ဘဝပျက်သွားမယ် ငါမသိ~

~ဒါကိုပုံအောလို့ ချစ်ခဲ့သည်~

"ဝါး...အသံကမိုက်တယ်"

ကြယ်စင်ကလှမ်းပြောခြင်းဖြစ်သည်။ရှိုင်းထက်အောင်ရဲ့အသံထိုမျှလောက်ကောင်းသည်ဟုမည်သူမျှမထင်ထားခဲ့ကြ။အမြဲတမ်းစာတစ်ခုတည်းသာခေါင်းထဲထည့်ထားသောရှိုင်းထက်အောင်ချစ်ရသူတွေ့နေပြီဟုထင်ကြေးပေးကုန်ကြလေပြီ။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now