ဦးရဲ့ကမ္ဘာငယ် ၈

2.7K 173 4
                                    

ဦးရဲ့ကမ္ဘာငယ်



"ညီမကိုစိတ်ပူလို့

လိုက်လာတာ‌ရောဟုတ်ရဲ့လား...

မမကိုတွေ့ချင်လို့တမင်လိုက်လာတာမလား..."

မကျေမချမ်းပြောလာတဲ့ညီမဖြစ်သူနွယ်သက်ခိုင်ကိုအပြစ်မမြင်မိ။သူပြောတာလဲမှန်နေသည်ပဲ။

ကိုယ့်ညီမအကြောင်းကိုယ်သာသိနေသည်မို့သက်အောင်နိုင်ပြုံးရုံသာပြုံးနေလိုက်ပါသည်။

"ကြည့်ကြည့်...အဲ့မျက်နှာ...ဟွန်း...

မမကသာအကူအညီမတောင်းရင်မလာဘူး...

အခုများတော့လား...

rsတွေတစ်တီတူးကြည်နူးတော့မှာကို

Faကထိုင်ကြည့်နေရတော့မယ်...

ဒီကြားထဲအတွဲတစ်တွဲကိုရအောင်လုပ်ပေးရဦးမယ်

ဂါး...နွယ်သက်ခိုင်ရှေ့အခုနေများ

နတ်သမီးလေးတစ်ပါးလောက်ကျလာလိုက်ပါတော့လား...."

ခြေကိုဆောင့်ရင်းပြောလာသည့်ညီမဖြစ်သူ၏စကားကိုနားထောင်ပြီးသည့်နောက်သက်အောင်နိုင်

တစ်ယောက်ခွက်ထိုးခွက်လန်ရယ်မောမိပါ၏။တစ်ဆက်တည်းမှာပင်အမေပြောလေ့ရှိသည့်ညီမလေး

အကြောင်းကိုပြန်တွေးမိသည်

'သမီးငယ်လေးကိုနွဲ့‌နှောင်းစေချင်တယ်သိမ်မွေ့စေချင်တယ်ပန်းခိုင်လေးလိုပျော့ပျောင်းနူးညံ့စေချင်တယ်

အဲ့တာကြောင့်လဲ"နွယ်သက်ခိုင်"ဆိုတဲ့နာမည်လေးကိုပေးခဲ့တာပေါ့သားရယ်...'ဟူ၍။

"ညီမလေးရယ်...

မေမေကညီမလေးကိုစိတ်မချတာရော

သိရဲ့လား...."

"မေမေကစိတ်မချဘူး...

စိတ်မချဘူးတဲ့လား...အစ်ကိုရာ...

တော်ပါတော့...ငါမသိချင်ဘူး...

အခုငါ့ကိုကျောင်းလိုက်ပို့တော့..."

စကားလမ်းကြောင်းအမြန်လွှဲသည့်နွယ်သက်ခိုင်ကြောင့်သက်ပြင်းချလိုက်ရင်းခေါင်းညိတ်ပြလိုက်သည်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now