ဦးရဲ့ကမ္ဘာငယ် ၂၉

1.9K 109 15
                                    

ဦးရဲ့ကမ္ဘာငယ်⚠



"ပြောတော့အိမ်ပြန်မလို့ဆိုကလေးရဲ့"

"ပြန်ချင်ဘူး...

ဦးနဲ့ပဲအတူတူနေချင်တာ..."

"ကြည့်ပါလား...မနေ့တုန်းကတော့

ကိုယ့်ကိုထပြဿနာရှာပြီး‌တော့

အခုကျကိုယ်နဲ့ပဲအတူတူနေချင်သွားပြန်ပြီ...

လူငယ်တွေကတစ်ကယ်ခန့်မှန်းရခက်တာပဲ"

ဦးဘုန်းမြတ်သူနှင့်စကားရည်လုချင်လျှင်အရှုံးပေးဖို့ကိုသာ ကြိုတွေးထားလိုက်ပါ။

ဦးကတော့လျှော့မည်မဟုတ်။

ငယ်သူကသာအလျှော့ပေးရမည်။

"ဦးကတကယ်ရစ်တတ်တာပဲ..."

"ရစ်တော့မချစ်ချင်တော့ဘူးလား...

ရတယ်‌နော်...အတင်းမချစ်ခိုင်းဘူး"

"ဦးတကယ်ဘာဖြစ်ချင်နေတာလဲလို့...

အသည်းယားပြီးတစ်ခုခုလုပ်မိတော့မယ်..."

"ငြိမ်ငြိမ်နေ...ရှိုင်းထက်အောင်ရေ

ငြိမ်ငြိမ်နေလို့"

ဦးရဲ့ပါးကိုနှာခေါင်းနစ်ဝင်တဲ့အထိနမ်းရှိုက်လိုက်ရင်း ခါးကနေဖက်ပြီးမွှေ့ရမ်းနေမိသည်။

သူ့ဦးကတကယ်အသည်းယားစရာလေးပါဆို။

"ကျွန်တော်ဦးကိုပိုင်ဆိုင်ချင်တယ်"

"အခုလဲပိုင်နေတာပဲမဟုတ်ဘူးလား...

ဟ...ငြိမ်ငြိမ်နေပါဆို...လွှတ်...အွန့်"

လက်ထဲကလွတ်ကျသွားတဲ့ဖုန်းလေးဟာ ကြမ်းပြင်ပေါ်မှာငြိမ်သက်စွာ။

sofaထက်မှာမက်မက်မောမောနမ်းရှိုက်နေတဲ့ လူသားနှစ်ယောက်အကြားလေမတိုးနိုင်ပါ။

ပြင်းပြလာတဲ့စိတ်ဆန္ဒတွေရဲ့အလိုကိုလိုက်မိခဲ့လေတော့ နှစ်ယောက်သားဟာပြန်လည်မပြင်ဆင်နိုင်တော့မဲ့အရာတစ်ခုကို ကျူးလွန်ဖို့ဆုံးဖြတ်ကြပြီးနေပြီ။

လည်တိုင်တစ်လျှောက်ဆီဆင်းသက်လာတဲ့အနမ်းတွေဆီကရုန်းမထွက်ချင်။အဆိပ်တစ်ခွက်ဆိုလျှင်တောင်ထပ်ခါထပ်ခါသောက်သုံးချင်မိပါရဲ့။ဖြစ်ပေါ်လာတဲ့လိုအင်ဆန္ဒတွေကထိန်းချုပ်၍မရနိုင်တော့သောအခြေအနေသို့ရောက်ရှိနေခဲ့လေပြီ။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now