ဦးရဲ့ကမ္ဘာငယ်
"မင်းမေမေသွေးတိုးနေတယ်...သား
ဖြစ်ရင်နိုင်ဒီထက်ပိုပြီးစိတ်တိုအောင်
သွားမလုပ်ပါနဲ့"
"သားကိုနားလည်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ဖေဖေ"
ဦးစည်သူရှိုင်းရဲ့အပြုံးကရှိုင်းထက်အောင်အတွက်တော့နွေးထွေးချင်နွေးထွေးမယ်။ဒါပေမဲ့ဉာဏ်များတဲ့အပြုံးတစ်ခုဆိုတာတော့သေချာတယ်။
"စာကိုပဲအရင်ကြိုးစား
ကျန်တာတွေကိုအဖေဖြေရှင်းပေးမယ်
ဒီရက်ပိုင်းတော့ဘုန်းမြတ်သူနဲ့မတွေ့ပါနဲ့ဦး
မင်းအမေအကြိုက်ခဏလောက်နေပေးလိုက်ပါ"
"ဟုတ်..."
ရှိုင်းထက်အောင်ကျောခိုင်းသွားတော့မှအရက်ထည့်ထားတဲ့ခွက်ကိုဒေါသတကြီးသောက်ချပစ်လိုက်မိတယ်။သူ့ရဲ့အဖိုးတန်တဲ့သားလေးတစ်ဦးတည်းသောသားလေးကဘုန်းမြတ်သူကိုတမ်းတမ်းစွဲဖြစ်နေတာကြားလို့မှကောင်းသေးရဲ့လား။သူ့သားကရိုးရိုးသားသားကောင်လေး။ဖြူဖြူစင်စင်နှင့်ဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာမည့်သူမို့စီးပွားရေးအရှုပ်အရှင်းထဲတောင်သူဆွဲမထည့်ခဲ့။
ဘုန်းမြတ်သူ...
ဘုန်းမြတ်သူကိုသာမန်ပုလဲ ကုမ္ပဏီပိုင်ရှင်လို့ထင်ရင်အမှားကြီးမှားသွားပြီ။
ဒေါ်ခိုင်ခိုင်မြတ်ဆိုတဲ့ဉာဏ်နီဉာဏ်နက်သိပ်များတဲ့မိန်းမ၏သား။အမေဖြစ်သူလက်ထက်မှာအကျပိုင်းရောက်နေတဲ့ကုမ္ပဏီကြီးတစ်ခုလုံးကိုဆွဲတင်ပြီးစီးပွားရေးလောကကိုပြောင်းပြန်လှန်လို့အမြင့်ကိုတက်လာတဲ့Margaritaဟာပေါ့ပေါ့သေးသေးမဟုတ်ပါဘူး။ဆိုလိုချင်တာဘုန်းမြတ်သူဟာသွားမစသင့်တဲ့ကျားတစ်ကောင်ပါပဲ။
ဒေါ်ခိုင်ခိုင်မြတ်ကဘုန်းမြတ်သူနှင့်စန္ဒာအေးကိုသဘောတူသည်။
အများအမြင်မှာတော့သာမန်ပူးပေါင်းမှုလေးပေါ့...။
မဟုတ်ဘူး။
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Teen Fiction15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|