ဦးရဲ့ကမ္ဘာငယ်
"ဦးနဲ့နေ့တိုင်းDateချင်တယ်...ဟိ"
"မင်းကွာ...တအားပြောရခက်တာပဲ
ဟွန်း..."
ကားကိုဆောင့်ရပ်ရင်းဦးကမကျေမနပ်ရေရွတ်လာပေမဲ့သူ့ကိုထပ်ပြီးမတားတော့ပါ။
တစ်ခါတစ်ရံသူအတွေးဝင်မိသည်။
ဦးဟာသူ့ကိုလိုက်လျောလွန်းပါသည်။
အသက်အနည်းငယ်ကြီးသူပီပီဆုံးမတာမျိုးရှိပေမဲ့များသောအားဖြင့်သူ့ကိုအလိုလိုက်လွန်းပါသည်။
ဦးဘက်မှအလိုလိုက်လွန်း၍သူကအခွင့်ရေးပိုယူမိလေသလား။
ကိုယ့်အတွေးကိုယ်သဘောကျသွားရသည်မို့ဦးကိုဖက်လိုက်ရင်းဦးရဲ့ပါးပြင်ကိုနမ်းရှိုက်လိုက်မိသည်။
ဦးထံမှလူကြီးဆန်သောအငွေ့အသက်တစ်ခုရယ်...သိပ်မပြင်းတဲ့ရေမွှေးနံ့တစ်ခုလေးကိုရရှိနေသည်။
နောက်တစ်ခါထပ်နမ်းရန်ကြိုးစားမိတော့...
"ရပ်စမ်း..."
ဦးရဲ့အသံကသူ့ကိုလန့်သွားစေသည်။
အခုမှဖြစ်တာတော့မဟုတ်။
အမြဲလိုလိုဦးထံမှာသူ မကျော်လွန်နိုင်တဲ့
အရှိန်အဝါလေးတစ်ခုရှိသည်။
အမိန့်ဆန်သောစကားသံတွေဆိုလျှင်သူနာခံရမြဲသာ။
အမြဲလိုလိုဦးကအလျှော့ပေးထားသည်မို့သိပ်မသိသာခြင်းဖြစ်သည်။
သူလန့်သွားတာကိုကြည့်ရင်းဦးကရယ်သည်။
"ကိုယ်ပြောတာကိုနားထောင်
ဒီနှစ်ကFinalမင်းစာကြိုးစား
ဦးကထွက်မပြေးပါဘူး...
မင်းဘက်ကစိတ်မကုန်သ၍
ဦးကမင်းအနားမှာရှိနေမှာ...
ဟုတ်ပြီလား"
"ကျွန်တော်ကဦးကိုဘယ်တော့မှ
စိတ်ကုန်မှာမဟုတ်ဘူး
ဦးကိုကျွန်တော်က
အများကြီးချစ်တာမို့
အဲ့စကားကိုနောက်တစ်ခါမပြောနဲ့
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
ספרות נוער15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|