ဦးရဲ့ကမ္ဘာငယ် ၁၁

2.6K 134 8
                                    

ဦးရဲ့ကမ္ဘာငယ်



" ဟယ် အဲ့တာ...

ကျောင်းသူသစ်မလား... "

Cafe counter တွင် orderယူနေသည့်နွယ်သက်ခိုင်ကိုလက်ညှိုးထိုးရင်းရည်ရည်မွန်နှင့်အတူပါလာသော

ကောင်မလေးတစ်ယောက်မှပြောလိုက်ခြင်းဖြစ်သည်။ရည်ရည်မွန်တို့အဖွဲ့ရဲ့အထင်သေးသည့်မျက်ဝန်း‌

တွေကို counter ကအစ်မတွေနှင့်ရယ်မော‌နေသည့်နွယ်သက်ခိုင်တစ်ယောက်မသိ။

" ဟုတ်တယ် အဲ့တာ

ကျောင်းသူသစ်မှ 

ကျောင်းသူသစ်စစ်စစ် "

နွယ်သက်ခိုင်သည်ကားရှိုင်းထက်အောင်တို့ရန်ပွဲမှနာမည်ကြီးလာသောမိန်းကလေးတစ်ယောက်ပင်။

ကျောင်းသားသစ်တွေရောက်လာတိုင်းပညာပြလေ့ရှိသည့်ရည်ရည်မွန်တို့အဖွဲ့အားနွယ်သက်ခိုင်မှ

တစ်ချက်လေးတောင်အရေးမပေးခဲ့ပါချေ။သိပ်အရှောင်ကောင်းသည်။အမြဲတွေ့ရလျှင်လည်း

ရှိုင်းထက်အောင်တို့နှစ်ယောက်နှင့်ဆိုတော့ရည်ရည်မွန်အမြဲဒေါသဖြစ်နေရသည်။

" ငါစားစရာတွေမှာပေးမယ်နော် "

ရည်ရည်မွန်ကိုယ်တိုင်ကစားစရာမှာပေးမည်ဆိုတော့ကျန်သည့်ကောင်မလေးသုံးယောက်ကကျိတ်ရယ်ကြ

သည်။

counter ရှိရာကိုလာနေသည့်ရည်ရည်မွန်ကိုမြင်တော့နွယ်သက်ခိုင်တစ်ယောက်စိတ်ပျက်သွားရသည်။

မန္တလေးကျောင်းမှာလဲရှိသည့်လူသစ်တွေကိုအနိုင်ကျင့်သောအဖွဲ့သည်ရန်ကုန်မှာပါရှိနေသည်မို့ပို၍ပင်

စိတ်ညစ်သွားသည်။ရန်ပွဲတို့သည်ရှောင်ပြေးလေလေတိုက်ရိုက်တွေ့လေပင်။

" ဘာများသုံးဆောင်မလဲ... "

နွယ်သက်ခိုင်တတ်နိုင်သမျှအသံကိုချိုချိုထားရင်မေးလိုက်သည်။ဆိုင်ကိုလာသည့် customer တစ်ယောက်

အနေနဲ့သာဆက်ဆံမည်ဟုစိတ်ကူးထားသည်။

" Sunkist နှစ်ခွက် ice coffee နှစ်ခွက်

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now