ဦးရဲ့ကမ္ဘာငယ် ၄၇ (U+Z)

1.5K 76 4
                                    

media မှာပြထားတာဦးကိုင်တဲ့ကင်မရာပါ✌

media မွာျပထားတာဦးကိုင္တဲ့ကင္မရာပါ✌

.<>.<>.<>.<>.

Unicode

ဦးရဲ့ကမ္ဘာငယ်

သီတင်းကျွတ်ဈေးရောင်းပွဲ



"ဝါး...ဒီလက်ကောက်တွေက

ရှိုင်းထက်အောင်ကိုယ်တိုင်လုပ်ထားတာတဲ့"

"အခု၅၀တည်းတဲ့နော်...

ကုန်သွားလို့ဝယ်မရဖြစ်နေမယ်..."

"မြန်မြန်လာပါဟဲ့..."

"လှလိုက်တာ..."

"ဒါလေးတစ်ခုပေး..."

"ညီမကိုဒါလေးရောင်း..."

"အဲ့ဒါငါယူမှာ..."

ရှိုင်းထက်အောင်နှင့်ကြယ်စင်မှာလက်မလည်တော့။လက်ကောက်တွေပိုရောင်းကောင်းနေသည်မှာတော့အမှန်ပင်။အခု၅၀တည်းဖြစ်တာမို့ပိုဆိုးနေသလားတော့မပြောတတ်။ဆွဲကြိုးကတော့သိပ်ရောင်းမထွက်သေး။ဆွဲကြိုး၂၀ကုံးမှာ၅ကုံးသာရောင်းရသေးသည်။

လက်ကောက်တစ်ခု=1000

ဆွဲကြိုးတစ်ကုံး=2000

ကျောင်းဈေးရောင်းပွဲဖြစ်သည့်အပြင်hand-madeတွေမို့အပြင်ကဆိုင်တွေထက်ဈေးကအနည်းငယ်ကြီးသည်။သို့ပေမဲ့ရှိုင်းထက်အောင်မျက်နှာနှင့်ဝယ်ကြသည်ပေါ့။

ဈေးရောင်းပွဲတော်လေးကအသံစုံညံနေသည်။ထိုဈေးရောင်းပွဲလေးကကျောင်းသားမိဘတွေလဲပါဝင်သည်။ရှိုင်းထက်အောင်တို့ရဲ့ဆိုင်လေးနှင့်နွယ်သက်ခိုင်၏မုန့်ဆိုင်လေးကအခြားသောဆိုင်တွေထက်ပိုရောင်းထွက်နေသည်။ရသမျှပိုက်ဆံသည်မိဘမဲ့ဂေဟာကိုလှူမည်သာ။

ကျောင်းသားတွေအာလုံးရဲ့ရောင်းရငွေက40,0000။ဒါဟာကျောင်းသားတွေအတွက်တော့အတော်လေးများသည့်ငွေပမာဏဖြစ်သည်လေ။

"ဒီနေ့ကတော်တော်ပင်ပန်းတာပဲ"

ပစ္စည်းတွေအကုန်ရောင်းကုန်သွားပြီးသည့်နောက်မှာနောက်ဆုံးနှစ်ကျောင်းသားတွေအားလုံးပင်ပန်းသွားကြသည်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now