ဦးရဲ့ကမ္ဘာငယ် ၄၅

1.7K 83 6
                                    

ပုံထဲကvideoကသူ့ဦးအတွက်ရှိုင်းထက်အောင်လုပ်ပေးတဲ့paper pen standပါ။

ရှိုင်းထက်အောင်ကသူ့ဦးကိုတအားချစ်ပြီးစိတ်ရှည်ပါတယ်...အဟဲ

__________________

ဦးရဲ့ကမ္ဘာငယ်


ဘုန်းမြတ်သူနဲ့ရှိုင်းထက်အောင်မတွေ့ရတာသုံးလနီးပါးရှိပြီ။

လိုင်းပေါ်မှာစကားတွေပြောဖြစ်ကြတယ်။

messageတွေ video callတွေaudio callတွေအများကြီးပြောဖြစ်နေကြပေမဲ့မတွေ့ရတဲ့အခါအလွမ်းတွေကအတိုင်းအဆမရှိစွာကျယ်ပြန့်လာတယ်။

စားပွဲပေါ်ကအပြီးသတ်လုနီးနီးbraceletလေးကိုကြည့်ရင်းဘုန်းမြတ်သူပြုံးနေမိတယ်။

သူကိုယ်တိုင်ပထမဆုံးလုပ်ဖူးတဲ့hand-made pearls braceletလေး။

မွေးမြူရေးပုလဲတွေမဟုတ်ပဲသူကိုယ်တိုင်မြိတ်ကိုသွားလို့ရေငုပ်ပြီးရှာထားတဲ့ကမာကောင်တွေဆီကပုလဲလုံးလေးတွေပဲဖြစ်တယ်။

ရှိုင်းထက်အောင်ကhand-madeပစ္စည်းလေးတွေကိုသဘောကျတယ်။

အဲ့ဒါကြောင့်ဘုန်းမြတ်သူကသူကိုယ်တိုင်လုပ်ထားတဲ့ဒီbraceletလေးကိုသူတို့ရဲ့၆လပြည့်anniversaryမှာပေးချင်တာ။

ဘုန်းမြတ်သူကိုလဲရှိုင်းထက်အောင်ကသူကိုယ်တိုင်လုပ်ထားတဲ့hand-madeလေးတွေလက်ဆောင်လေးပေးဖူးတယ်။

တန်ဖိုးကြီးကြီးမားမားမရှိပေမဲ့ဘုန်းမြတ်သူကတော့ထိုပစ္စည်းသေးသေးမွှားမွှားလေးတွေကိုသဘောကျတာမို့လို့သူ့ရုံးခန်းကအလုပ်စားပွဲပေါ်မှာစီစီရီရီတင်ထားတဲ့အထိပဲ။

ရှိုင်းထက်အောင်ပေးတဲ့hand-madeပစ္စည်းလေးတွေထဲမှာကြယ်လေးတွေအပြည့်အသိပ်ထည့်ထားတဲ့ဘူးလေးတစ်ခုကိုသူအကြိုက်ဆုံးပဲ။

ရောင်စုံကြယ်လေးတွေကတော်တော်လေးကိုလှတယ်။

အဲ့ဘူးလေးကိုကြည့်လိုက်တိုင်းစိတ်လန်းဆန်းသွားတတ်လို့စားပွဲပေါ်က monitorရဲ့ဘေးမှာထား ထားတာ။

 ကြယ်ဘူးတစ်ခုတည်းစားပွဲပေါ်မှာရှိတာတော့မဟုတ်ဘူး။

paper pen standလေးတစ်ခုလဲရှိတယ်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now