ဦးရဲ့ကမ္ဘာငယ် ၅၂ (U+Z)

1.5K 99 5
                                    

ရှိုင်းထက်အောင်အတွက်သူ့ဦးစီစဉ်ပေးထားတဲ့ဓားပါ....
မိုရီကန်နီလိုချင်လာပြန်ပြီ😭


¤¤¤¤¤¤

Unicode

ဦးရဲ့ကမ္ဘာငယ်



"ဦး!...
ကျွန်တော့်ကိုမထားခဲ့ဘူးလို့
ကတိပေးထားတယ်လေ
ဦး...ဦးကျွန်တော့်ကို
တစ်ချက်‌လောက်ကြည့်ပါဦးဗျာ"

ရင်ခွင်ထဲကချစ်ရသူဟာသွေးအိုင်ထဲမှာပင်ငြိမ်သက်စွာအိပ်စက်နေခဲ့ပါ၏။အေးချမ်းရာကိုရှာဖွေတွေ့ရှိသွားသည့်အလားချစ်ရသူ၏မျက်ဝန်းအိမ်တို့သည်ပြန်လည်ပွင့်အာလာတော့မည်မဟုတ်တော့။

"ဦး!..."

အိပ်ရာပေါ်ကချက်ချင်းထလို့ဘေးဘက်ကိုကြည့်လိုက်သည့်အခါမှသူစိတ်အေးသွားရသည်။သူ့ဦးကသူ့အနားမှာရှိနေတုန်းပဲ။ဦးကိုဆုံးရှုံးရရင်သူသေသွားမှာ။ငြိမ်ငြိမ်လေးအိပ်နေသည့်ဦးကိုရင်ခွင်ထဲထည့်ဖက်ထားလိုက်တော့နွေးထွေးမှုကိုခံစားလိုက်ရသည်။သူ့ရဲ့အနွေးဓာတ်လေး။

"အိပ်မပျော်ဘူးလား"

"ကျွန်တော့်ကြောင့်နိုးသွားတာလား"

စကားကိုပြိုင်တူပြောမိတော့ဦးကရယ်နေသည်။ဘယ်လိုနေနေချစ်ဖို့ကောင်းနေသည့်ဦးကိုသူအစိမ်းလိုက်ကိုက်ဆွဲပစ်ရင်တော့...သေချာပါသည်...သူ့ကိုဦးကအိမ်ပေါ်ကနေမောင်းချလိမ့်မယ်။

"မင်းကဆွဲဖက်လိုက်တော့နိုးသွားတာ
မင်းကြောင့်မဟုတ်ပါဘူး...
ငါကနည်းနည်းလေးလှုပ်တာနဲ့နှိုးတတ်လို့ပါ
အသက်ကြီးနေပြီလေ..."

"ဘာလို့အသက်ကြီးတယ်ဆိုတာကိုပဲ
ခဏခဏပြောနေရတာလဲ...
အသက်ကြီးတာတောင်နုနေလို့
ကျွန်တော့်မှာသဝန်တွေတိုနေရတာဗျသိရဲ့လား"

"သူစကားတွေတတ်နေတာပဲ..."

ရှိုင်းထက်အောင်ရဲ့နဖူးပေါ်ကျရောက်လာသည့်အနမ်းနွေးနွေးလေးတစ်ခု။တစ်ဘဝလုံးပုံပေးဖို့လုံလောက်ပါသည်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now