ဦးရဲ့ကမ္ဘာငယ်
သင်္ကြန်အကြိုနေ့
"ဗွမ်း..."
"မင်း ! "
"ရေး...
ဦးကိုအိမ်ကစစထွက်ချင်းမှာပဲ
ငါရေလောင်းလိုက်ပြီ..."
ရှိုင်းထက်အောင်အော်သံကြောင့်ဘုန်းမြတ်သူရယ်လိုက်မိသည်။အနည်းဆုံးတော့သင်္ကြန်ပထမဆုံးနေ့ရက်အတွက်သူ့ရဲ့ကမ္ဘာငယ်လေးဆီကရေအလောင်းခံလိုက်ရခြင်းဖြစ်သည်။စိတ်မကွက်မိပါ။
"နင်အရင်လောင်းပြီးသွားရင်...
ဒိုးတော့...
နွယ့်ရဲ့ဦးအဆင်လေးကို
ဒီကနွယ်လေးကလဲ
ရေလောင်းချင်ပါတယ်..."
နွယ်သက်ခိုင်၏ပြောင်စပ်စပ်မျက်နှာထားကိုကြည့်ရင်းသီရိမေရင်လေးနေမိသည်။
ရေခဲရေတွေ...
"အမလေး...
အေးတယ်ဗျ..."
"ဟီး...ချစ်လို့ခင်လို့
အေးမြစေချင်ရုံပါ..."
ရွှတ်နောက်နောက်မျက်နှာလေးသည်ကြည်လင်နေသည်။သုန်မှုန်သွားတဲ့ရှိုင်းထက်အောင်မျက်နှာကိုကြည့်ရင်နွယ်သက်ခိုင်နှင့်ကြယ်စင်တို့မှာရယ်ရလွန်းလို့အူတက်နေပြီ။မပြောမဆိုနှင့်ရေပုံးထဲတွင်ရေခဲရေအပြည့်သွားထည့်ကာရယ်နေသောထိုနှစ်ယောက်ကိုခွက်စောင်းခုတ်ပေးလိုက်သည်။ဘုန်းမြတ်သူပင်တားချိန်မရလိုက်။
"အား...အကျင့်ယုတ်တယ်ဟေ့..."
"သူ့ဦးကိုရေခဲရေနဲ့ပက်မိတာပဲ
ခွက်စောင်းခုတ်ဖို့တော့မလိုပါဘူးနော်"
"မှတ်...အဲ့မှာမှတ်..."
သီရိမေအံကြိတ်ပြီးပြောလိုက်သည်။ထိုကလေးနှစ်ယောက်ကကဲလွန်းသည်။တစ်ခါလောက်မှတ်လောက်သားလောက်ဖြစ်စေချင်သည်။
"ကဲပါ...တော်ကြတော့
ကလေးတွေ...တအားကဲတာပဲ"
"အပေါ်ကနေ
အင်္ကျီနောက်တစ်ထပ်
ထပ်ပြီးဝတ်!"

YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Jugendliteratur15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|