ဦးရဲ့ကမ္ဘာငယ်
"ကဲ...ပြောပါဦး...
ဒီအမေကသူနဲ့မပေါင်းဖို့
တားနေတုန်းကနားမထောင်
အခုတော့ရန်ဖြစ်ပြီ...မရှက်ဘူးလား"
"ကျွန်တော်ကဘာလို့ရှက်ရမှာလဲ...မေမေ"
"အခုတော့ဒီအမေကို
ပြန်ပြောတတ်နေပြီပေါ့...ဟင်
Gayတစ်ယောက်အတွက်များရန်ဖြစ်ရတယ်လို့...
ငါတို့မိသားစုကိုကောင်းကောင်းကြီး
အရှက်ခွဲလိုက်တယ်ပေါ့..."
"သူကGay..ဟုတ်တယ်သူချစ်တဲ့သူကယောက်ျားလေးတစ်ယောက်ဖြစ်နေရုံပါ
သူကယောက်ျားလေးတိုင်းကိုသဘောကျတာ
မဟုတ်ပဲ...
သူချစ်တဲ့သူကယောက်ျားလေးတစ်ယောက်ဖြစ်နေရုံပါ
မေမေတို့ကဒါကိုဘာလို့နားမလည်နိုင်ကြတာလဲ...ပြီးတော့ကျွန်တော်ကလူဆိုးတစ်ယောက်လဲမဟုတ်ပါဘူး...
သူငယ်ချင်းတစ်ယောက်ကိုကာကွယ်ပေးရုံပါ...
မေမေတို့ဒါကိုတစ်ကယ်ပဲနားမလည်ကြဘူးလား..."
စန္ဒာအေးနားထောင်နေရင်းမှခပ်ယဲ့ယဲ့လေးပြုံးလိုက်မိသည်။ရှိုင်းထက်အောင်ဟာသူ့ရဲ့ခံစားချက်တွေကိုပါ
ထည့်သွင်းပြောကြားနေခဲ့သည်။သားဖြစ်သူဆီမှထိုကဲ့သို့သောတုန့်ပြန်မှုကိုဒေါ်သီတာငြိမ်းမျှော်လင့်မထား
ခဲ့ပါ။မည်သို့ပင်ဆိုစေ...သားသမီးကပြန်ပြောသည့်အခါ...ပြန်ဖြေရှင်းသည့်အခါ၌မိဘတွေဒေါသထွက်ရ
သည်ချည်းသာ။မိဘတိုင်းကိုမဆိုလိုပါသော်ငြား...မိဘအများစုသည်ထိုကဲ့သိုပင်။မိမိတို့ပြောတာကိုပဲ
နားထောင်စေချင်သည်။သားသမီးထံမှပြန်ရှင်းပြသည့်အခါ...ပြန်ဖြေရှင်းသည့်အခါ...ပြန်ပြောသည့်
အခါမှာတော့မိဘတို့သည်လက်မခံချင်ကြပေ။
"မင်း...မင်းငါ့မျက်စိရှေ့ကထွက်သွား
ရှိုင်းထက်အောင်...ငါမင်းမျက်နှာကိုမမြင်ချင်ဘူး..."
"မေမေရယ်...
မောင်လေးကိုအရမ်းမဆူပါနဲ့တော့..."
"မဟုတ်ဘူး...မကြီး...
ကျွန်တော်သွားမှာ...
မေမေကတောင်မမြင်ချင်မှတော့
အိမ်မှာနေပြီးဘာလုပ်ရမှာလဲ"
"ဘယ်ကိုသွားမှာလဲ..."
တစ်ချိန်လုံးငြိမ်သက်နေသည့်ဖခင်ဖြစ်သူထံမှစကားကြောင်းအိမ်အပြင်ထွက်ရန်ဟန်ပြင်နေသည့်
ခြေလှမ်းတွေကိုရပ်တန့်လိုက်ရင်း...
"ဖေဖေကရော...
ကျွန်တော့်အပြစ်လို့ပြောဦးမှာလား..."
"မပြောပါဘူး...
မင်းကယောက်ျားလေးပဲ...
ငါကလိုက်ချုပ်ချယ်လို့ရောရမှာလား...
လမ်းမှားကိုမလျှောက်ဖို့ပဲသတိပေးမှာ...
သတိပေးတဲ့ကြားကနေ
လမ်းမှားကိုရောက်သွားရင်လဲ...
အဲ့တာကမင်းပြဿနာဖြစ်သွားပြီ...
အခုလဲမင်းသွားချင်တဲ့နေရာကိုသွား...
ငါမတားဘူး..."
လင်းလက်ထွန်းနှင့်စန္ဒာအေးမှာတော့ရန်ဖြစ်ကြရင်ဆွဲဖို့အသင့်ပြင်ထားကြပေမဲ့အခုလိုရန်မဖြစ်ပဲ
တစ်ခွန်းတည်းနဲ့စကားဖြတ်သွားတဲ့အဖေဖြစ်သူကိုကြည့်ကာကြိတ်ရယ်မိသည်။မပြောမဆိုနဲ့
အိမ်အပြင်ကိုဝုန်းဒိုင်းကြဲပြီးထွက်သွားတဲ့မောင်ဖြစ်သူရှိုင်းထက်အောင်ကိုလဲအထွေအထူးမပြောလို
တော့။
"အမကလေ...လူမိုက်အားပေး..."
လင်းလက်ထွန်း၏မကျေမနပ်စကားသံကြောင့်စန္ဒာအေးရယ်လိုက်မိသည်။တစ်ကယ်လဲစန္ဒာအေးက
လူမိုက်အားပေးတစ်ယောက်ပါလေ။ငယ်စဉ်ကတည်းကအန္တရာယ်ဖြစ်စေမည့်ကိစ္စတစ်ချို့ကလွဲရင်
မောင်ဖြစ်သူကြိုက်ရာလုပ်မတားခဲ့။ထို့ကြောင့်လဲရှိုင်းထက်အောင်ကစန္ဒာအေးကိုပိုမိုခင်မင်ခြင်းဖြစ်သည်။
"လူမိုက်အားပေးမဟုတ်ပါဘူး...
ကိုယ့်မောင်ဘက်ကကိုယ်ရပ်တည်ပေးတာပါ...
သူမှားမှားမှန်မှန်သူ့ဆုံးဖြတ်ချက်ကိုလေးစားပေးရမှာ
ဒီအမရဲ့တာဝန်ပဲလေ...
အမကိုမတားရကောင်းလားဆိုပြီးတော့လာမပြောနဲ့နော်
အမတားလို့ရမှာမဟုတ်မှန်းညီမလေးသိပြီးသားမလား..."
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Fiksi Remaja15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|