ဦးရဲ့ကမ္ဘာငယ် ၂(Zawgyi)

1.5K 63 0
                                    

A/N-Cannyစကားလာမ်ားတာပါ။

အရင်ရှင်းပြရင်ကောင်းမယ်ထင်လို့ပါ။

ဦးကuke၊ ကလေးကsemeပါ။

သပိတ်ကပြန်လာတာညနေဖြစ်သွားပြီမို့

နောက်ကျမှတင်နိုင်တာခွင့်လွှတ်ပါ။

==========================

ဦးရဲ့ကမ္ဘာငယ်



"ဒီနေ့စောစောနားရတော့မယ်

Bossရေကျေးဇူးနော်...ဟီး

သီရိလဲသွားစရာရှိလို့

မောင်လေးကိုသွားကြိုမို့လေ..."

Bossနှင့်ပြေပြေလည်လည်စကားပြော

နိုင်သည်သူမှာလည်းသီရိမေတစ်ယောက်သာ။

တစ်ဦးတည်းသာကျန်ရှိတော့တဲ့မောင်လေး

အတွက်အမြဲလိုလိုအလုပ်ကြိုးစားတတ်လို့

Bossကသဘောကျခြင်းဖြစ်သည်။

တစ်ခြားဝန်ထမ်းတွေနှင့်Bossကအဆင်မပြေ။

တစ်ခြားဝန်ထမ်းတွေရဲ့အထာပေးမှုတွေကို

Bossကကြည့်မရပေ။

"အင်း...သွားပါ..."

အဆင်ပြေသည့်ဆက်ဆံရေးဟုပြောနိုင်သော်

လည်းBossကအမြဲအေးတိအေးစက်နှင့်။

"မမရောဟင်...

Bossနဲ့အတူပြန်မှာလား

စပ်စုတာမဟုတ်ပေမဲ့..

မမနဲ့Bossကရည်းစားတွေလားဟင်..."

"ဘယ်ကသာ...ပေါက်ကရတွေ

ရည်းစားတွေမဟုတ်ပါဘူး

တက္ကသိုလ်တုန်းကခင်ကြတာပါ

နောက်ထပ်သူငယ်ချင်းနှစ်ယောက်

ကျန်သေးတယ်

လေးယောက်အဖွဲ့လေ..."

စန္ဒာအေး၏အသည်းအသန်ရှင်းပြနေပုံကြောင့်

ဘုန်းမြတ်သူမှာရယ်ရခက်ငိုရခက်။အတွင်းရေးမှူး

ရှေ့မှာလဲသိက္ခာဆယ်ရဦးမည်လေ။လူတော်တော်

များများကထိုကဲ့သို့သံသယဝင်တတ်ကြသည်။

-

-

-

"Bossတို့ကလည်း

ဆေးကျောင်းဘက်သွားမှာပေါ့

တိုက်ဆိုင်တာပဲရော်..."

"နှစ်ယောက်လုံးစကားများကြမှာဆိုရင်

နောက်ခန်းမှာထိုင်..."

"နောက်ခန်းမှာပဲထိုင်မှာပါ...

နင့်ရဲ့lover seatမှာသေတောင်

မထိုင်ဘူး..."

"အေး...ပြီးတာပဲ...

Fujoshiမမတွေရေ...

ကြည့်မရတော့ဘူး..."

Bossပုံစံကအခုမှလွတ်လပ်သွားသလိုအရယ်

တစ်ဝက်နဲ့သူတို့ကိုလှမ်းစလာလေသည်။

Bossရဲ့လွတ်လွတ်လပ်လပ်နေတတ်တဲ့ပုံစံကို

သီရိမေသိပ်မမြင်ဖူးခဲ့ပါ။လုပ်ငန်းရှင်သူငယ်ချင်း

တွေနဲ့တောင်သိပ်ပြီးရင်းနှီးစွာစကားပြောခြင်း

မရှိ။အရှိန်မှန်မှန်မောင်းနှင်နေတဲ့ကားပေါ်မှာတော့

Fujoshiနှစ်ယောက်ရဲ့စကားသံတစ်ညံညံနှင့်။

"သီရိလေးကFicတွေ

ဖတ်ရတာကြိုက်တယ်ပေါ့..."

"ကြိုက်တာပေါ့...အားပြီဆိုရင်

ညလုံးပေါက်ထိုင်ဖတ်တာလေး..ဟီး

အပြင်မှာလဲtypeတွေလိုက်ခွဲတယ်...

shipရတာအရမ်းကြိုက်တာလေ..."

ဘုန်းမြတ်သူမှာတော့သူ့ရဲ့အတွင်းရေးမှူးက

ဒီလောက်စကားများမည်ဟုမထင်ထားခဲ့။

"ဟုတ်တာပေါ့...

မမလဲအဲ့လိုပဲ...shipရတာလဲကြိုက်တယ်

အောင်သွယ်တော်လဲလုပ်ဖူးတယ်...

ဒီကဘုန်းမြတ်သူကိုသာ

ဘယ်သူနဲ့သဘောတူရမှန်းမသိဘူး

typeခွဲရတာလဲသိပ်ခက်...

ဒါပေမဲ့မမတို့ကတော့သိပြီးသားပါ...အဟဲ"

အတွင်းရေးမှူးရှေ့မှာအကြောင်းတွေဖွင့်ချ

နေတဲ့စန္ဒာအေးကြောင့်ဘုန်းမြတ်သူ

သက်ပြင်းချရုံမှတစ်ပါးမတတ်နိုင်။

မပြောနဲ့ဆိုလည်းကိုယ်တွေသူငယ်ချင်းက

မရရင်ရအောင်ပြောမည်သာ။

"ဟိန်းသက်လင်းကနော်...

ပြန်ရောက်ရောက်ချင်း

သူ့ကလေးကိုအရင်သွားတွေ့တာနော်...

ငါတို့ကိုတောင်သူ့ကလေးနဲ့တွေ့ပြီးမှ

လာတွေ့မယ်တဲ့..."

ဟိန်းသက်လင်းဆိုသည့်နာမည်ကြောင့်

သီရိမေမျက်နှာချက်ချင်းကိုတည်သွား

ရသည်။မောင်လေး၏ဓာတ်ပုံဘောင်

ထဲကလူ။ကိုယ်တိုင်ကFujoshiမို့

သဘောတူပေမဲ့ကိုယ့်မောင်လေးကို

စိတ်ဒဏ်ရာပေးခဲ့သူကိုတစ်သက်မမေ့။

လူချင်းတွေ့ရင်ပြဿနာရှာဖို့ထိတွေးထား

ပြီဖြစ်သည်။

"ဟိန်းကြီးနဲ့တွေ့ရင်သေချာတယ်

ငါနဲ့ရန်ဖြစ်မှာ...သူ့ကြောင့်

ဟိုကလေးကအရမ်းခံစားသွားရတာ...

ပြီးတော့အဲ့တာကသီရိရဲ့မောင်လေးမလား"

"အာ...Bossကစိတ်ထဲ

ထည့်ထားပေးနေတုန်းလား"

"အမ်...အမ်..

ကြယ်စင်လေးက

သီရိရဲ့မောင်လေးလား

မမ မသိလိုက်ဘူးရော်"

"ရပါတယ်...

ဒါကမိဘတွေကြောင့်လဲပါပါတယ်

ကြယ်စင်လေးကသူ့ဦးဦးကို

အခုထိချစ်နေတုန်းပါပဲ..."

ဘုန်းမြတ်သူကတော့ဘာမှပြန်မပြောမိ။

သူချစ်ခြင်းတရားကိုသိပ်နားမလည်ဘူး။

သူလိုချင်တဲ့ပုံစံရယ်လို့ထွေထွေထူးထူး

မရှိပေမဲ့သူ့အမေသဘောနဲ့တော့သူရဲ့

ချစ်ခြင်းတရားကိုမဆုံးဖြတ်စေချင်ဘူး။

သူ့ရဲ့ကမ္ဘာငယ်ကိုသူကိုယ်တိုင်ဖန်တီး

ချင်သည်သာ။

-

-

-

-

-

"ဟင်...အဲ့တာဦးဦးမလား..."

ကျောင်းဝင်းရဲ့အပြင်ဘက်မှာမြင်လိုက်ရတဲ့

တစ်စုံတစ်ယောက်သောသူကြောင့်

ကြယ်စင်လင်းအနည်းငယ်စိတ်လှုပ်ရှားမိသည်။

မတွေ့ရတာကြပြီဖြစ်ပေမဲ့ဦးဦးရဲ့

သွင်ပြင်ကိုကြယ်စင်မမေ့ခဲ့။

"အဲ့တာမင်းရဲ့အသိလား..."

ကျောင်းရှေ့မှာရပ်နေတဲ့လူတစ်ယောက်ကို

ကြယ်စင်ကအတော်ကြာငေးကြည့်နေတာ

ကြောင့်ရှိုင်းထက်အောင်မေးလိုက်မိသည်။

"အသိတွေထက်ပိုပါတယ်...

ငါပုံပြဖူးတယ်လေ....ဦးဦးဆိုတာ..."

"အာ...အာ...

မှတ်မိပြီ...ပျော်စရာကြီးပေါ့

နေပါဦး...ဘာလို့ငါ့အစ်မက

ဘေးမှာလဲ...မင်းအစ်မရော..

နောက်တစ်ယောက်ကိုတော့

မျက်နှာမမြင်ရဘူး..."

ကျောပြင်ခပ်သေးသေးကိုပဲမြင်ရ

သည့်လူတစ်ယောက်။ပထမဆုံး

အနေနဲ့မျက်နှာလေးကိုမြင်ဖူးချင်

မိသူ။ချောလှပါတယ်ဆိုတဲ့Queen

တော်တော်များများကိုမြင်ဖူးခဲ့ပြီ။

ယောက်ျားလေးတစ်ယောက်မှန်း

သိနေပေမဲ့တစ်ကယ်ကိုမြင်ဖူးချင်

မိသည်။

"ဘယ်တွေငေးနေတာလဲ...

လာ...ငါ့မမဆီသွားမယ်...

မင်းလဲမင်းမမဆီကိုသွား

ဘေးနားကဦးဦးကို

မမြင်ချင်ယောင်ဆောင်လိုက်

ငါသူ့ကိုမခေါ်သေးဘူး

ကောက်ဦးမှာ..."

(A/N-‌ဪ...😑😑)

ကြယ်စင်လင်းဆွဲခေါ်တဲ့နောက်ကို

ပြေးလိုက်သွားရတာကြောင့်ကျောင်းထဲက

လူတွေကထူးဆန်းသလိုလာကြည့်ကြသည်။

ကျောင်းဆင်းချိန်ဆိုပေမဲ့ကျောင်းသားတိုင်းက

အိန္ဒေရြှိစွာသွားနေကြချိန်မှာသူတို့ကတော့ပြေးလွှား

နေကြသည်။

"မမ...

ကြယ်စင့်ကိုလာကြိုတာလား...."

အသည်းအသန်ပြေးလာသည့်ကောင်ငယ်လေးကို

ဟိန်းသက်လင်းဖက်ဖို့ရှေ့ကိုတိုးသွားလိုက်ပေမဲ့

ထိုကလေးငယ်ကသူ့အစ်မရှိရာဆီကိုပြေးသည်သာ။

"အွန်း...မင်းဦးဦးနဲ့ရော

တွေ့ပြီးပြီလား..."

သီရိမေ‌ ရည်ရွယ်သည့်အကြောင်းကိုသိပေမဲ့

အဖြေမှားကိုသာတမင်ရွေးဖြေမိသည်။

"ဦးဦးမြတ်သူကိုလား...

အနောက်ကနေကြည့်ရင်တောင်

မှတ်မိတယ်...ဟီး..ဟုတ်တယ်မလား..."

"ဟုတ်တာပေါ့...

ဒီကလေးကို

မမှတ်မိစရာမှမရှိတာ..."

ဘုန်းမြတ်သူကလဲအလိုက်အထိုက်

ပြန်ဖြေပေးတာကြောင့်ဟိန်းသက်လင်းရဲ့

ဒေါသအခိုးအငွေ့တွေကိုမြင်တွေ့နေရသည်။

မျက်စိရှေ့မှာမြင်တွေ့နေရတဲ့နတ်သားတစ်ပါးကို

ရှိုင်းထက်အောင်ငေးမိသွားသည်။

ထိုလူသားဟာသိပ်ကိုလှလွန်းသည်။

ယောက်ျားလေးတစ်ယောက်ကို

လှတယ်လို့သုံးနှုန်းချင်တာတော့

မဟုတ်ပေမဲ့တည်ငြိမ်အေးချမ်းမှုတွေ

အတိုင်းသားမြင်နေရတဲ့မျက်နှာနှာချောချောဟာ

သိပ်ကိုလှလွန်းတယ်။

စန္ဒာအေးမှာတော့အစ်မဖြစ်သူထက်

ဘုန်းမြတ်သူကိုငေးနေသောမောင်

ဖြစ်သူကြောင့်ပြုံးမိရုံမှတစ်ပါး။







တိုသွားတာကြောင့်မကျေနပ်ရင်

Boss Wangလေးကိုလွှတ်လိုက်ကြပါနော်😁😁

နောက်အဆက်လေးလာမယ်နော်..ဟိ

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now