ဦးရဲ့ကမ္ဘာငယ် ၁၉ (Zawgyi)

693 31 0
                                    

ဦးရဲ့ကမ္ဘာငယ်



"ဟူး...စိတ်ညစ်ပါတယ်

ငါအဲ့တစ်ခုမှားပြီလားမသိဘူး

နောက်ရက်ကျရင်

လူနာကိုစမ်းသပ်ပြရဦးမှာ

ငါရူးပြီ...ငါဘာမှမသိတော့ဘူး"

ကျောင်းသားတို့၏ထုံးစံအတိုင်းပင်။

ကြယ်စင်လင်းသည်လည်းစာမေးပွဲဖြေပြီးသည်နှင့်အဖြေမှားသလားမှန်သလားပြန်စစ်ကာစိတ်ဓာတ်ကျစကားတို့ကိုဆိုလာလေသည်။ရှိုင်းထက်အောင်ကိုယ်တိုင်ပင်သူဖြေလာသောစာအားသူသိပ်သဘောမကျ။

ကျောင်း၏စာတော်သောကျောင်းသားနှစ်ယောက်၏စိတ်ပျက်လက်ပျက်ဖြစ်နေပုံအားကြည့်နွယ်သက်ခိုင်ပင်စိတ်ဓာတ်ကျချင်လာလေပြီ။

"နင်တို့ကအဲ့လိုဖြစ်နေရင်

ငါကပိုငိုချင်တယ်နော်

ထိုင်ငိုပစ်မှာ..."

"နင်ရောဖြေနိုင်လား"

ခေါင်းပေါ်မှ တရုတ်စကားပန်းဖြူဖြူလေးကို ဖြုတ်ယူနေသည့် နွယ်သက်ခိုင်အား လှည့်ကြည့်ရင်း ကြယ်စင်လင်း မေးလိုက်သည်။

"ဖြေနိုင်ပါဘူး

နင်တို့တောင်ညည်းနေတာ

ငါကဘာမှမဟုတ်ဘူး"

"ဟွန်း...အပိုတွေပါ

အဲ့လိုပြောတဲ့သူက

ကြောက်ရတယ်"

နွယ်သက်ခိုင် ပြုံးရုံလေးသာ ပြုံးပြလိုက်သည်။ အဖျားကြီးကာ သတိလစ်သွားရာမှ မနည်းပြန်နလန်ထူလာရသည်ကိုတော့ မပြောပြဖြစ်ပါ။

"ဟော...တစ်ကယ်ပါဆို

နင်တို့နဲ့ယှဉ်ရင်ငါကပမွှားလေး

နည်းနည်းဆိုမှနည်းနည်းလေးပဲ

နင်တို့လောက်စာကြိုးစားတဲ့သူက

နင်တို့ပဲရှိတာကို"

"တော်ပါ...တစ်ကယ်

ကြိုးစားတဲ့သူကငါပဲ

ရှိုင်းထက်အောင်က

သူ့ဦးဦးဘုန်းမြတ်သူနားပဲကပ်နေတာ"

ကိုယ့်ကိုယ်ကိုမြှောက်နေသည့် ကြယ်စင်လင်းအား နှစ်ယောက်လုံး ခေါင်းခါသည်။

"အတွေ့အကြုံလေး

အလင်းပြဦးနော်"

"ဘာရယ်..."

"အတွေ့အကြုံ

အလင်းပြခိုင်းတာ

မသိဘူးလား

ဦးဘုန်းမြတ်သူအိမ်ကို

နေ့တိုင်းသွားပြီး

အလှထိုင်ကြည့်ရတဲ့

အတွေ့အကြုံ...အဟဲ"

ဒီတစ်ခါမှာတော့ ခေါင်းခါရသည်က ကြယ်စင်နှင့် ရှိုင်းထက်အောင်။ တတ်လဲတတ်နိုင်သည့် မိန်းကလေးပင်။ မည်သို့ပင်ဆိုစေလေ သူ့စကားကြောင့် စိတ်ညစ်တာတွေ လျော့သွားရသည်ကတော့ အမှန်ပင်ဖြစ်ပေသည်။

"တရုတ်စကားပန်းကို

ကြိုက်တတ်တာလား"

ရှိုင်းထက်အောင်၏ အမေသည်လည်း တရုတ်စကားပန်းလေးတွေကို သဘောကျတတ်သည်။ အမေကျောင်းသူဘဝက တရုတ်စကားပန်းများကို နေ့တိုင်းပန်ဆင်လာသည်ဟု အဖေကပြောလေ့ရှိသည်။

"အင်း..ဒီလိုပဲ

ကြိုက်တာ"

"ငါလဲငါ့အမေအတွက်

ယူသွားမလားလို့

သူလဲတရုတ်စကားပန်းကြိုက်တတ်လို့"

"အဲ့တာဆိုကျောင်းနားကခြံကြီးမှာ

အဲ့ပန်းပင်တွေအများကြီးပဲ

သွား‌ခူးလို့ရတယ်...

ပြီးတော့ အဲ့ခြံက

ဦးဘုန်းမြတ်သူပိုင်တာ

ငါဆိုအမြဲသွားနေကျ..."

နွယ်သက်ခိုင်အား အံ့ဩသောမျက်နှာပေးနှင့် ကြည့်နေကြသော ကြယ်စင်နှင့်ရှိုင်းထက်အောင် နှစ်ယောက်သားအား နားမလည်ဟန်နှင့် ပြန်ကြည့်လိုက်သည်။ နွယ်သက်ခိုင်က အစ်ကိုဖြစ်သူ၏ စီးပွားရေးတွင် အနည်းငယ်ပါဝင်လေ့ရှိသည်မို့ ထိုခြံအားမည်သူပိုင်မှန်း သိထားခြင်းပင်။ထိုခြံကြီးအား အစ်ကိုဖြစ်သူနှင့် ဦးဘုန်းမြတ်သူတို့ လေလံဆွဲကာယူထားကြခြင်းဖြစ်သည်။ ဦးဘုန်းမြတ်သူသည် စီးပွားရေးအကွက်မြင်တတ်လွန်းသူ တစ်ယောက်ဖြစ်၏။

"အဲ...အဲ့တော့

နင်ကခြံထဲ...

ဘယ်လို...ဘယ်လိုဝင်လဲ"

ကြယ်စင်၏ ထစ်ငေါ့နေသောအသံကြောင့် နွယ်သက်ခိုင် ရယ်ချင်သွားမိသည်။ အံ့ဩနေကြသော နှစ်ယောက်အား နွယ်သက်ခိုင် အရမ်းစချင်လေသည်။

"ခြံစည်းရိုးကျော်ဝင်တာပေါ့ဟ

ဘာလို့တုန်း"

"အယ်...အယ်

ပေါက်ကရ

မိန်းကလေးက

ဘယ်လိုကျော်ဝင်မှာလဲ"

"အေးလေ

ဟုတ်သားပဲ"

ရှိုင်းထက်အောင်လဲ ကြယ်စင်၏စကားကို ထောက်ခံလိုက်သည်။ နွယ်သက်ခိုင်သည် နူးညံ့သောမိန်းကလေးတစ်ယောက် မဟုတ်မှန်းတော့သိပေမဲ့ ထိုကဲ့သို့ ခြံဝန်းအတွင်းသို့ ခုန်ကျော်ဝင်မည့် မိန်းကလေးတစ်ယောက်တော့ မဟုတ်လောက်ပါလေ။

"သိရင်ပြီးရော

ဝင်ခွင့်ပေးတယ်လေ

ပန်းခူးချင်တယ်

အိမ်ရှင်တို့လို့အော်ရင်

တံခါးလာဖွင့်ပေးတယ်...

အိမ်စောင့်ဦးလေးကြီးရှိတယ်..."

"ဦးကိုရော‌တွေ့လား

အဲ့အိမ်မှာ..."

"‌တွေ့ဖူးတယ်

ခွေးလေးတစ်ကောင်ကိုခေါ်ပြီးလာတာ

ငါ့ကိုစိတ်ကြိုက်ပန်းခူးခွင့်ပေးတယ်

နင့်ဦးကအရိုးခံလေး

သဘောလည်းအရမ်းကောင်း"

"သိတယ်..."

"ဟယ်...

စကားတောင်မဆုံးသေးဘူး"

နွယ်သက်ခိုင်ဆိုသည့် Fujoshi ကောင်မလေးသည် အမြဲလိုလို သူ့အတွေးနှင့်သူ ပျော်ပျော်နေတတ်သည့် ကောင်မလေးတစ်ယောက်ပင်။ ထိုကောင်မလေးကို ကြည့်လိုက်သည့်အခါတိုင်းတွင် ဘယ်သောအခါမှစိတ်ညစ်စရာကိုတွေ့မည်မဟုတ်။ သူပြောလေ့ရှိသည့် စကားတစ်ခွန်းရှိသည်။

'ငါကယောက်ျားမယူဘူး

ယောက်ျားလေးဆိုတာငါ့အတွက်shipဖို့ပဲ'

ရှိုင်းထက်အောင်တွေးရင်ပြုံးမိသည်။ သူတို့ကျောင်းတွင်လည်း Fujoshiဟူသောမိန်းကလေးအများစုရှိသည်။ Fujoshi Groupတွေလည်းရှိသလို ဆေးကျောင်းမှFujoshiများ ဟူ၍လည်း Pageတစ်ခုရှိလေ၏။ နွယ်သက်ခိုင်ကတော့ အသစ်တစ်ယောက်မို့ထိုGroupနဲ့Pageတွေထဲမပါပေမဲ့ သူကအဆိုးဆုံးshipperမှန်း ကြယ်စင်ရော ရှိုင်းထက်အောင်ရောပါ သိကြပေသည်။

ယောက်ျားလေး မိန်းကလေးဟူသည့်သတ်မှတ်မှုကြောင့် နွယ်သက်ခိုင်က စကားအကုန်ပြောလေ့မရှိပေမဲ့ သူshipသည့်အတွဲတွေအကြောင်းကိုတော့ ပြန်လည်ဖောက်သည်ချကာ ပြောပြတတ်လေသည်။

"နင့်မှာချစ်တဲ့သူမရှိဘူးလား"

ရှိုင်းထက်အောင်ရဲ့အမေးကို အပြုံးနှင့်သာတုံ့ပြန်ပြီး ခေါင်းခါပြလိုက်လေသည်။ သူ့အတွက်ထိုမေးခွန်းသည် ခက်ခဲလွန်းလှပါသည်။ သူ့တွင်သဘောကျကြိုက်နှစ်သက်သူမရှိဘူးဟုဆိုလျှင် မည်သူကယုံကြည်ပါမည်နည်း။

"မိန်းကလေးတွေကို

သဘောကျတယ်ဆို

ကြိုက်တဲ့သူမရှိဘူးလား

ငါတို့ရန်ကုန်မှာ

မိန်းကလေးချောချောတွေ

အများကြီးပဲဟာကို

တစ်ယောက်ကိုမှ

သဘောမကျဘူးလား"

ကြယ်စင့်ကိုကြည့်ရင်း စချင်နောက်ချင်သည့် စိတ်လေးကကြီးစိုးလာပြန်သည်။

"နင့်မမကိုတော့

သဘောကျတယ်"

"သေလိုက်..."

အစ်မကိုဆိုလျှင် သိပ်အူပုတ်သော ကောင်လေးကြယ်စင်လင်းရယ်ပါ။ အစ်မနှင့်တူသည့်တန်သည့် ယောက်ျားဤကမ္ဘာတွင်မရှိဟု သတ်မှတ်ထားသော မောင်ငယ်တစ်ယောက်ပါလေ။

"ဟာ...တစ်ကယ်ပြောတာ

နော်...ရှိုင်းထက်အောင်

မမကလေသိပ်သဘောကောင်းပြီး

ချစ်ဖို့ကောင်းတာ

အူးဝါး...နွယ်သက်ခိုင်မိန်းမ

ဖြစ်လာမဲ့နတ်သမီးလေး"

"အေး...အဲ့မှာဖြစ်နေလိုက်"

နွယ်သက်ခိုင်ရှိရာရောက်ရှိလာသော စာအုပ်ပျံများသည်ရှောင်ရှား၍မရနိုင်။ ရှိုင်းထက်အောင်မှာတော့ တစ်စိတ်ရှိ ထသတ်နေကြသော ကလေးနှစ်ယောက်ကို ထိန်းနေရသည့်နှယ်။ တစ်ယောက်နှင့်တစ်ယောက် စာအုပ်နှင့်ပေါက်လိုက် စလိုက်လုပ်နေသောနှစ်ယောက်အား အထူးတလည်ဖြေရှင်းမနေတော့။

-----------------

"နေ့လည်က

ဦးရဲ့ခြံထဲကို

မင်းတို့လာတယ်ဆို"

"ပန်းခူးချင်လို့

မေမေ့က

တရုတ်စကားပန်းကြိုက်လို့

နွယ်သက်ခိုင်ကလဲသွားခူးမယ်ဆိုလို့

အတူတူလိုက်လာတာ"

"ဪ...အွန်း"

စကားမပြောတော့ပဲ စာအုပ်ကိုသာ ပြန်လည်အာရုံစိုက်နေသည့် ဦးကိုကြည့်ရတာ တစ်စုံတစ်ခုကို မလိုမကျဖြစ်နေပုံ။ ဒီရက်ပိုင်းအနည်းငယ် အတွင်းတွင် သူနှင့်နွယ်သက်ခိုင် ရင်းရင်းနှီးနှီးဖြစ်လာသည်။ ဦးက သူ့ကိုရှောင်သထက်ရှောင်သည်။ နွယ်သက်ခိုင်နှင့်သူ့ကို အတူတူတွဲမြင်လျှင် ဦးကသူ့ကိုအပြုံးတစ်ပွင့်တောင် မစွန့်ကြဲတော့။မဟုတ်မှ...။

"ဦးကျွန်တော့်ကို

မိန်းကလေးနဲ့အတူတူတွဲတွေ့ရလို့

သဝန်တိုနေတာလား"

"ငါကလေးမဟုတ်ဘူး"

"ဒါမဲ့ကျွန်တော့်ရဲ့

လူကြီးလေးပဲလေ"

ပြောချင်သည့်စကားပင် ပျောက်သွားရတဲ့အထိ ထိုကောင်လေးဟာ စကားလှလှတို့နှင့်ခြွေတတ်လွန်းပါသည်။

"ကျွန်တော်ဦးကို

တစ်ကယ်ပိုင်ဆိုင်ချင်တာ"

"ဟင်..."

ဦးရဲ့ခါးကိုဆွဲဖက်ရင်း ဦးရဲ့ပခုံးပေါ် မျက်နှာအပ်ထားမိသည်။ ခဏလေးပါပဲ...။ အခုလိုအနေအထားနဲ့ ခဏလေးပဲ ဦးကိုဖက်ထားချင်တာပါ။

"ကျွန်တော်ဦးကို

ချစ်တာထက်ပိုတယ်

အရမ်းမြတ်နိုးတာ"

"အင်း..."

"ဦးမရှိတော့ရင်

ကျွန်တော်ရူးမှာ

ဦးကကျွန်တော့်ရင်ထဲက

နှလုံးသားတစ်ခုလုံး"

"အင်း..."

ဦးရဲ့ပါးကို ခပ်နာနာလေး ဖိကပ်နမ်းရှိုက်မိသည်။ အရိုင်းဆန်နေသော စိတ်ကိုထိန်းချုပ်ရင်း ဦးကိုသာတင်းနေအောင် ဖက်ထားလိုက်မိသည်။ ဦးကိုအရောင်မဆိုးချင်ပါဘူး။ ကျွန်တော့်ရဲ့ ဖြူစင်တဲ့ဦးကို အ‌ရောင်မဆိုးချင်ပါဘူး။

"မင်းအဆင်ပြေလား"

ဦးကသူ့ရဲ့အခြေအနေတွေကို သိနေသယောင်မေးလာသည်။ ကျွန်တော့်ဆီက ဘယ်လိုအဖြေမျိုးကို ဦးလိုချင်ပါသလဲ။ ကျွန်တော်က ဦးနဲ့တွေ့ပြီးမှ အခုလိုမျိုးအရိုင်းဆန်လာမိတာ...။ ဦးကိုချစ်မိပြီးမှ ဦးအပေါ်မှာ လိုချင်တပ်မက်မှုတွေဖြစ်ပေါ်လာတာ...။

"မပြေဘူး

ဦးကိုအရမ်းနမ်းချင်တယ်"

"မင်းကသိပ်လည်တယ်..."

ဦးအသံထဲတွင် ရယ်သံအနည်းငယ် ရောယှက်ပါဝင်နေလေသည်။

"ဦးကြောင့်လည်သွားတာ"

"ဆိုင်လား..."

"မဆိုင်ဘူးလေ..."

ဦးရဲ့ရယ်လိုက်သည့်ပုံလေးသည် ကျွန်တော်မြင်ဖူးခဲ့သမျှ ဦးရဲ့ပုံစံအားလုံးနှင့်မတူညီပဲ ကွဲထွက်နေပါသည်။ ကျွန်တော့်နှလုံးသားသည် ဦးထံပါး၌ လုံးဝကျဆုံးခဲ့ရလေပြီ။ ဦးရဲ့လည်တိုင်အား ထိန်းကိုင်ရင်း နှုတ်ခမ်းသားတွေကို ထိတွေ့နမ်းရှိုက်နေမိသည်။ ချိုမြိန်လွန်းပါသည်။

ကျွမ်းကျင်လွန်းသော ကောင်လေး၏အနမ်းများကြောင့် အသက်ပင် မနည်းလုရှူနေရပါသည်။ အနမ်းတို့သည် နူးညံ့သယောင်နှင့်ကြမ်းတမ်းလွန်းသည်။ ကြမ်းတမ်းသယောင်နှင့် နူးညံ့နေသည်မှာ လူကိုရူးအောင် ပြုစားနေသလား အောက်မေ့ရပါသည်။ အမှန်တိုင်းဝန်ခံရပါလျှင် ထိုကောင်ငယ်လေး၏အနမ်းများအား သူစွဲလမ်းနေခဲ့ပါပြီ။

----------------

A/N-တန်းလန်းထားခဲ့တာမဟုတ်ဘူး

နမ်းပဲနမ်းတာဘာမှမဖြစ်ဘူး

လျှောက်တွေးမနေကြနဲ့😝။

သရေကြိုးတင်းအောင်ကိုင်ဆိုတဲ့

မအိမ်လုံးကြောင့်မီးတွေပျက်

wifiလဲပျက်နဲ့

မင်းတို့Cannyအပိုင်းသစ်မတင်နိုင်ဘူး။🤧

wifiကလူတွေကလဲဖုန်းဆက်တာ

တစ်ယောက်မှအချိုးမပြေလို့

ရန်ဖြစ်နေရတယ်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now