Kids Have to go to school!
⊠ ⊠ ⊠ ⊠ ⊠
သုံးနှစ်နဲ့ကျောင်းတက်ခိုင်းတာက ကလေးတွေကိုဝန်ပိစေသလိုဖြစ်တာမို့ဘုန်းမြတ်သူကမထားစေချင်သေးဘူး။ရှိုင်းထက်အောင်ကလည်းကျောင်းကိုမလွှတ်ချင်သေးတာမို့အိမ်မှာပဲစာသင်ပေးဖြစ်တယ်။
Decemberမှာမွေးတဲ့ကလေးတွေကြောင့်အသက်ကအခက်အခဲတော့အနည်းငယ်ရှိတယ်။အဲ့တာကြောင့်မို့လေးနှစ်ပြည့်တဲ့အထိစောင့်ဖို့သာနှစ်ယောက်လုံးဆုံးဖြတ်လိုက်တယ်။
"Apple Arrow A Thunn "
"Ant Angel A Hmue "
Alphabets တွေကိုရနေပြီမို့Aနှင့်စသည့်စာလုံးပေါင်းတွေသင်ထားသည့်အခါ သူတို့နာမည်အစတွေမှာ A ထည့်ပြီးဆိုနေကြသည်မို့လူကြီးနှစ်ယောက်မှာရယ်နေရသည်။
"အဲ့လိုနာမည်ရှေ့မှာ
A ကြီးမထည့်ရဘူးလေ"
"ထည့်ချင်တာကို..."
"ထည့်ချင်တိုင်းထည့်လို့မရဘူးလေ
သူ့နေရာနဲ့သူထည့်ရတာလေ...
ဟုတ်တယ်မလားဦး"
ဘုန်းမြတ်သူရဲ့ခါးကိုမသိမသာဖက်ထားလိုက်ရင်းပြောတော့တံတောင်ပြန်ထိုးခံလိုက်ရတာမို့ရှိုင်းထက်အောင်မှာအောင့်သက်သက်နှင့်။သူ့အမျိုးသားလူကြီးလေးကတအားစိတ်ဆတ်တယ်။
"ကျောင်းတက်ဖို့ပစ္စည်းတွေ
သွားဝယ်ကြမယ်လေ ဟုတ်ပြီလား"
"ပါးကိုပြောစရာရှိတယ်
ဖေကပြောတာ
သမီးတို့ကိုပဲလုပ်ပေးနေရလို့
ပါးကဖေ့အနားမကပ်နိုင်တာတဲ့"
"ပါးကဖေ့နားမှာပဲနေရမှာနော်"
ကလေးနှစ်ယောက်ကစကားကောင်းကောင်းပြောနိုင်တဲ့အရွယ်လေးတစ်ဖြည်းဖြည်းရောက်လာတော့အကုန်လုံးကိုသေချာပြောနိုင်နေပြီ။ကလေးနှစ်ယောက်ရဲ့အတိုင်အဖောက်ညီနေမှုကြောင့်ရှိုင်းထက်အောင်မှာတံတွေးသီးပြီးချောင်းတွေပါဆိုးလာရသည်။ဦးဘုန်းမြတ်သူကလဲသူ့ကိုမကျေမနပ်ပြန်ကြည့်နေသည်။
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Teen Fiction15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|