ဦးရဲ့ကမ္ဘာငယ် ၅(Zawgyi)

1K 41 4
                                    

ဦးရဲ့ကမ္ဘာငယ်



"မမသီရိ...

ကူညီပါနော်...

ဦးရဲ့အခန်းထဲကို

ဒီထမင်းကြော်လေးပို့ပေးပါ..."

"အော်...အေးအေး

ငါ့ကိုများလာပို့တာလားလို့...ဟွန့်"

"ဟီး...ကြယ်စင့်လိုပဲ

မမသီရိကသဘောကောင်းတယ်..."

"တော်စမ်းပါ...သွား

Bossကမကြာခင်ရောက်လာတော့မှာ...

မြန်မြန်ပြန်...မမကကူညီခိုင်းလို့နော်..."

"ဟုတ်...ဦးကိုကျွန်တော်ရရင်

ကျွန်‌တော့်မကြီးကိုမမသီရိယူသွားတော့..."

(A/N-မှန်မှန်ပြောကြ...

အဲ့လိုမောင်လေးလိုချင်တယ်မလား😛😛)

"အေး...မင်းပြောတာနော်..."

ခေါင်းတစ်ချက်ညိမ့်ပြရင်းပြေးထွက်သွားတာကြောင့်

ရယ်ရင်းကျန်ခဲ့ရသူမှာသီရိမေပင်။အခုချိန်ထိBossကို

roleမခွဲနိုင်ပေမဲ့ရှိုင်းထက်အောင်နှင့်ဆိုရင်တော့Bossက

ukeပါပဲ။

ရုံးခန်းထဲကိုဝင်လာတဲ့Bossဖြစ်သူကိုတွေ့တာကြောင့်

ချက်ချင်းပြေးပြောရသည်။အရင်ကတစ်ခြားသူလာ

ပေးတာတွေကိုလက်မခံတတ်သူမို့အနည်းငယ်တော့

ကြောက်မိသည်။

"Bossရောက်ပြီလား...

သီရီကိုကောင်လေး

တစ်ယောက်လာပေးတာ

Bossအတွက်တဲ့...

အိတ်ထဲမှာစာပါတယ်လို့ပြောတယ်...

ဖတ်ပြီးရင်ပြန်ပြောပြနော်..."

"အမ်..."

Lunch Boxထည့်ထားတဲ့Doremonပုံလေးနှင့်မိုးပြာရောင်

အိတ်လေးကိုတစ်ချက်ကြည့်ရင်းဘုန်းမြတ်သူကြောင်အ

စွာကျန်ရစ်ခဲ့ရသည်။စာရွက်လေးတစ်ခုကိုလဲတွေ့တာကြောင့်

ဖွင့်ကြည့်မိသည်။

~ပထမဆုံးလုပ်ဖူးတဲ့ပသျှူးထမင်းကြော်လေးပါ

ပင်လယ်စာနဲ့ကြော်ထားတာမို့ကြိုက်ရဲ့လားတောင်

မသိပါဘူး။မလွှတ်ပစ်လိုက်ပါနဲ့။

စားဖြစ်အောင်စားပေးနော် :D~

"မိန်းကလေးတွေအပြင်

ယောက်ျားလေးတွေကပါ

ငါ့လာကြိုက်နေတာလား

ဘယ်လိုတောင်စိတ်ရှုပ်စရာတွေလဲ..."

(A/N-အဲ့လိုပြောနိုင်တာကိုပဲအားကျတယ်ဦးရယ်😥)

ထမင်းဘူးလေးကိုဖွင့်လိုက်တော့မွှေးပျံ့လွန်းနေသည့်

ထမင်းကြော်နံ့လေးကြောင့်ဘုန်းမြတ်သူအံ့ဩရသည်။

ပထမဆုံးချက်ဖူးတယ်ဆိုတာယုံချင်စရာတစ်ကွက်မှမရှိ။

အခွံတွေကိုသပ်ရပ်စွာခွာထားသည့်ပုစွန်လေးတွေရယ်

မုန်လာဥနီလေးတွေကြက်ဥမွှေကြော်လေးတွေကပါ

စားချင်လာအောင်စွဲဆောင်နေတော့သည်။

"မဆိုးပါဘူး...

အသိအမှတ်ပြုတယ်...

တစ်ကယ်ပဲဘယ်သူများလဲ..."

ဗိုက်ဆာနေ၍လားမပြောတတ်။

ထိုပသျှူထမင်းကြော်ကအမှန်တစ်ကယ်

စား၍ကောင်းပါသည်။သူအိမ်မှာလုပ်နေကြ

ပုံစံမျိုးမဟုတ်သလိုဆိုင်တွေမှာစားသည့်အရသာ

နှင့်လည်းမတူ။သူ့အကြိုက်ကိုသိနေတာကထူးဆန်း

နေသလိုရှိသည်။သာမန်တော့မဟုတ်နိုင်။

(A/N-ဗိုက်ဆာသွားအောင်ပုံလေးထည့်ပေးလိုက်တယ်🤭👇👇)

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now