mediaကပုံက ကလေးနှစ်ယောက်အတွက်couple chainလေးနှစ်ခုပါ။အမြွှာဆိုတော့ပုံစံတူအရောင်ကွဲပေါ့။
⋋⋌⋋⋌⋋⋌⋋⋌
ဦးရဲ့ကမ္ဘာငယ် {Family EXTRA 2}
ပြတင်းပေါက်မှတိုးဝင်လာသောနေရောင်ခြည်နွေးနွေးသည်အိပ်ပျော်နေသောကလေးနှစ်ယောက်၏အခန်းတွင်းသို့အတားအဆီးမရှိဝင်ရောက်လာသည်။ နေရောင်ကိုကျောပေးလို့စောင်ပုံထဲအိပ်နေသည့် ကလေးနှစ်ယောက်ကတော့နေရောင်ခြည်စူးစူးကိုစိတ်ထဲထည့်ပုံမရ။အိပ်မြဲအိပ်နေဆဲ။
ထိုကလေးနှစ်ယောက်ရဲ့အခန်းဘေးမှာတော့အဖေနှစ်ယောက်ရဲ့အခန်းကပ်လျက်တည်ရှိသည်။တစ်ယောက်ကိုတစ်ယောက်လည်းမြတ်နိုးစွာဖက်ထားကြသေး၏။ငြိမ်းချမ်းသောအိမ်လေးရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းသည်ကဖုန်းringtoneမြည်သံတစ်ခုမှ။
"ကျွန်တော်ကိုင်လိုက်မယ်..."
"အင်း..."
"ပြောထားတဲ့ jewelryရပြီနော်...
ဘယ်နေ့လောက်လာခဲ့မလဲ
hello..."တစ်ဖက်ကအမျိုးသမီးရဲ့အသံကြောင့်ရှိုင်းထက်အောင်ဖုန်းကိုနားကခွာလိုက်သည်။စောစောစီးစီးလူအိပ်ချိန်ကိုမှအခုလိုဖုန်းခေါ်တယ်လား။အမြင်ကတ်ကတ်နဲ့ဖုန်းကိုချပစ်လိုက်သည်။
အိပ်နေသည့်ဦးကိုတစ်ချက်ငေးကြည့်မိပေမဲ့ စိတ်ထဲကသံသယတွေကိုထုတ်ပစ်လိုက်ပါသည်။jewelryဆိုကတည်းကဦးအလုပ်ကပဲဖြစ်မှာပါ။
"ဖုန်းကဘာတဲ့လဲ..."
"ဒီအတိုင်းဖုန်းမှားသွားတာပါတဲ့..."
"ဪ...အွန်း"
သူ့လည်တိုင်ကိုမှီတွဲတွယ်ဖက်ထားသည့်ဦးဟာမနက်ခင်းမှာသူ့ကိုဘာဖြစ်စေချင်နေတာလဲ။အိပ်ပျော်နေတဲ့ကျားကိုမနှိုးသင့်ဘူးဆိုတာဦးမသိတာလား။
"မြှူဆွယ်နေတာလား..."
တစ်ပွေ့စာခါးသေးသေးလေးကဖက်လို့သိပ်ကောင်းတာကိုသိရဲ့လား။
"ခေါင်းထဲမှာအဲ့အတွေးတွေပဲပြည့်နေတာလား...
မင်းကိုဖက်ထားပြီးအိပ်ချင်လို့ပါနော်"
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Novela Juvenil15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|