Unicode
ဦးရဲ့ကမ္ဘာငယ်
ကလေးလေးဖြစ်တည်လာဖို့...
"ဘာပြောတယ်
ပြန်ပြောလိုက်စမ်း!"ဝင်းဝေယံအောင် ဘုန်းမြတ်ရဲ့အင်္ကျီကော်လံစကိုဆွဲလို့အော်မေးလိုက်မိသည်။
"ဝေယံစိတ်လျှော့"
လင်းထက်လျှံကဝင်တားရသည်။ဘုန်းမြတ်သူကဘာမှမပြော။ဝင်းဝေယံအောင်ကဆွဲထိုးမည်ဆိုလဲအထိုးခံလိုက်မည့်ဆိုတဲ့ဒီဇိုင်း။
"မြတ်သူသေချာပြီလား"
"မသေချာရင်လာပြောမနေဘူး"
"မင်း...သူ့ကိုအဲ့လောက်တောင်ချစ်ရလားဟ
သူကမင်းကိုလိုချင်တယ်ပဲပြောတာလေ
မင်းကအတိအကျကြီးယူပေးရမယ်လို့
ဆိုလိုတာမဟုတ်ဘူးလေ""ဒါပေမယ့်သူ့စိတ်ထဲမှာရှိနေလို့
ဒီစကားပြောတာပဲမဟုတ်လား
သူလိုချင်ရင်ငါဖြည့်ဆည်းပေးမှာပဲ...""မင်းအသက်ကိုထိခိုက်နိုင်တယ်တဲ့
အချစ်ရူးရဲ့"ဝင်းဝေယံအောင်ရဲ့အသံကအော်သံစူးစူးပေမဲ့ဝမ်းနည်းနေဟန်ပါ။
"တစ်ယောက်ဆိုရင်တောင်
အန္တရာယ်များနေပြီလို့မြတ်သူရဲ့""သူနဲ့တူတဲ့ကလေးလေးရယ်
ငါနဲ့တူတဲ့ကလေးလေးရယ်
အမြွှာလေးလိုချင်တာ"ဘုန်းမြတ်သူဆိုသည့်လူသားဟာရှိုင်းထက်အောင်ကိုမည်သည့်အတိုင်းအတာထိပေးဆပ်ပြီးချစ်နေရပါသလဲ။ လင်းထက်လျှံမတွေးတတ်တော့။ ဝင်းဝေယံအောင်သည်လည်းသူငယ်ချင်းဖြစ်သူကိုစိတ်မကောင်းစွာငေးကြည့်ရုံမှအပဘာမှမတတ်နိုင်ခဲ့။
"မြတ်သူရာ...မင်း"
"ငါ့ကိုမတားပါနဲ့
ငါမရှိတော့ရင်တောင်
သူ့အနားမှာငါ့ကိုယ်ပွားလေးကို
ထားခဲ့ချင်ရုံပါ"ဘုန်းမြတ်သူကဘာမှမဖြစ်သလိုရယ်ရင်းပြောနေသည်။ဘေးကကြည့်နေသည့်လင်းထက်တို့မှာသာသူ့အစားဝမ်းနည်းနေရသည်။
"သူကလဲဒီနယ်ပယ်ကလူတစ်ယောက်ပဲ
အနှေးအမြန်သိနိုင်တာပဲ...
မင်းဘယ်လိုတွေဆုံးဖြတ်နေတာလဲ
စဉ်းစားတတ်လှပါပြီရဲ့ဆိုတဲ့
ဦးနှောက်ကြီးက
အခုကျသုံးစားမရတော့ဘူးလားဟမ်"

YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Novela Juvenil15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|