Christmasမတိုင်ခင်shoppingထွက်နေတဲ့အမြွှာလေးနှစ်ယောက်ပါ။
pic _ credit _ to _ Google❗
pic _ credit _ to _ Google❗
◌◌◌◌◌
Sweet December! (PART 2)
✿✿✿✿
Christmas နီးပြီဆိုတော့လိုအပ်တဲ့ပစ္စည်းတွေဝယ်ရတော့မှာမို့ကလေးနှစ်ယောက်ကိုပါဈေးဝယ်ထွက်တာကိုခေါ်သွားဖို့ပြင်ဆင်ရလေသည်။ရှိုင်းထက်အောင်ကိုဆေးရုံကနေဝင်ခေါ်ရမည်ထင်သည်။ဂျူတီချိန်းမှာကနေ့လည်12:00ဖြစ်တာမို့အိမ်ကနေ11:30လောက်ထွက်ရင်အဆင်ပြေလောက်မည်။
"ရေချိုးချင်ဘူး..ချမ်းယယ်လို့ ပါးး"
"ချိုးဘူး...ရေကအေးနေယယ်"
"ပါးစိတ်တိုလာပြီနော်!...
ဒီနေ့အပြင်သွားရမှာ..."ဘုန်းမြတ်သူစိတ်တိုနေမှန်သိတော့လည်းနှစ်ယောက်ကငြိမ်သွားပြန်ရော။ဆိုးလို့ရလို့ကိုဆိုးနေတာကလေးတွေက။ကလေးနှစ်ယောက်ရဲ့အပြင်အဆင်ကိုပုံစံဆင်တူအရောင်ကွဲလေးတွေဆင်ပေးထားလိုက်သည်။
"လှရား..."
"ရမ်းလှတယ် လိုက်ခ်"
ဘုန်းမြတ်သူမရယ်ပဲမနေနိုင်တော့။တကယ်ပါပဲ။
"ပါးကျတော့ရေချိုးဝူး..."
"ပါးကလူကြီးလေ..."
"ရဝူး..."
"ပါးကအစောကြီးထပြီးချိုးပြီးပြီ...
အိပ်ပုပ်လေးတွေကမနိုးသေးတာ...""သေချာရား..."
"ခုဖြေယို့ဆို..."
သူ့အင်္ကျီကော်လံစကိုနှစ်ယောက်သားကလှမ်းဆွဲပြီးမေးနေကြတာ။ပါးဖောင်းဖောင်းတွေကိုရောလက်ပိစိလေးတွေကိုရောဘုန်းမြတ်သူမှာကိုက်ပစ်ချင်လွန်းလို့စိတ်ထိန်းထားနေရတယ်။
"ပါးအင်္ကျီပျက်သွားမယ်လို့"
ကလေးနှစ်ယောက်ကိုကောက်ချီလိုက်ရတယ်။သူတစ်ကယ်မနိုင်တော့ဘူး။
"ကဲ...သွားကြမယ်
မင်းတို့အဖေဆီကို""ယေး..."
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Teen Fiction15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|