ဦးရဲ့ကမ္ဘာငယ် ၆

3.6K 196 10
                                    

ဦးရဲ့ကမ္ဘာငယ်


Laptop screenပေါ်ကစာရင်းတွေကိုကြည့်နေရင်း

ဘေးနားကမုန့်ဘူးလေးဆီအကြည့်ရောက်မိတော့

အတွေးပေါင်းများစွာကနေရာယူလာသည်။

Companyကိုဘယ်လောက်ပဲစောလာပါစေ။

မုန့်တွေတစ်မျိုးပြီးတစ်မျိုးပို့နေသောကောင်လေးကို

ဘုန်းမြတ်သူမသိရသေး။သီရိမေကိုမေးတော့လည်း

တိကျရေရာမှုမရှိ။Bossကိုသဘောကျနေတဲ့ကောင်လေး

ဆိုသည့်အဖြေကလွဲထပ်မေးလို့မရ။မုန့်တွေကလည်း

သူ့အကြိုက်တွေချည်းဆိုတော့အနည်းငယ်တော့

သံသယဝင်သည်။တစ်ခါတစ်ရံမုန့်တွေနှင့်အတူ

လက်ရေးလှလှနှင့်စာရွက်လေးတွေလဲပါသည်။

ယောက်ျားလေးလက်ရေးဆိုသော်ငြားရှည်ရှည်သွယ်သွယ်

စာလုံးလေးတွေကတစ်မျိုးကြည့်လို့ကောင်းသည်။

ကြယ်ဘူးလေးတွေ၊အမွှေးပွရုပ်လေးတွေလဲပါသည်။

တစ်ယောက်တည်းသီးသန့်နေရန်ဝယ်ထားသည့်

condoမှာထိုပစ္စည်းလေးတွေကိုသေချာဂရုတစိုက်

သိမ်းဆည်းထားသည်။ဘုန်းမြတ်သူဘဝမှာပထမဆုံး

သိချင်နေသည့်ကောင်လေးဖြစ်သည်။လျစ်လျှူပြုထား၍

မရ။အတွေးထဲဝင်ရောက်လာတတ်သောထိုကောင်လေး။

မမြင်ဖူးမတွေ့ဖူးပေမဲ့စာရွက်ထဲကစကားပြောသည့်ပုံစံလေးက

တစ်ကယ့်ကလေးတစ်ယောက်လို။

"သီရိမေ...

မုန့်လာပို့တဲ့သူကို

တစ်ကယ်မသိဘူးပေါ့..."

"အမ်...အဲ့လိုမဟုတ်ဘူး..."

"သိတယ်ပေါ့..သိရင်ပြောလေ...

ကိုယ့်ရဲ့ Bossကိုအဆိပ်ခတ်ခံရမှာ

မကြောက်ဘူးလား"

"Bossကိုကြိုက်လွန်းလို့

အရူးတစ်ပိုင်းဖြစ်နေတဲ့ကလေးပါ

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now