ဦးရဲ့ကမ္ဘာငယ် ၁၇

2.5K 140 10
                                    

စကားနဲနဲလောက်များခွင့်ပြု...

နောက်ဆုံးမှာဆိုမဖတ်ပဲကျော်သွားမှာဆိုးလို့

အခုနောက်ပိုင်းCannyရဲ့wpက

errorအရမ်းတက်တယ်

Googleကနေwebsiteထဲဝင်ပြီးသုံးတာဆိုတော့

အဆင်မပြေမှုတွေရှိကောင်းရှိနိုင်ပါတယ်။

ပြီးတော့CannyကLaptopနဲ့စာရေးသူမို့

စာပိုဒ်ခွဲတဲ့အခါမှာအခက်အခဲနည်းနည်းရှိပါတယ်။

အကယ်၍ဖတ်ရအဆင်မပြေတာရှိမယ်ဆို

Cannyကိုချက်ချင်းလာပြောပေးပါနော်🥺။

CannyကAuthorလို့တောင်ခေါ်လို့မရသေးတဲ့

စာရေးသူပေါက်စဆိုတော့အခက်အခဲလေးနည်းနည်းရှိနေတာကို

နားလည်ပေးကြဖို့မျှော်လင့်ပါတယ်နော်🥺။

-------------------

ဦးရဲ့ကမ္ဘာငယ် 


မုန့်ဘူးလေးများသည်ဘူး၃၀ကွက်တိ

ရောင်စုံစာရွက်လေးတစ်ရွက်နှစ်ရွက်...

အရွက်ရေပေါင်း၃၀။

ကြိုးကြာစက္ကူရုပ်လေးများသည်...

အရုပ်ရေပေါင်း၃၀။

ဆယ်ရက်တစ်ခါပေးသောကြယ်ဘူးလေးများသည်

၃ဘူး။

တစ်ပတ်တစ်ခါရောက်လာတတ်သော

အရုပ်လေးများသည်၄ရုပ်ကွက်တိ။

သူသဘောကျသောအရုပ်လေးများသာ။

"ဟင်း...

မင်းကအရူးလေးပဲ

ကလေးရာ"

သက်ပြင်းချရင်းပြောဆိုမိသောစကားသံတို့သည်တုန်ရင်နေပါသည်။သူတွေးရင်ပင်ရင်ခုန်လာရသည်။မျက်ဝန်းတွေကိုမှိတ်ချလိုက်သည့်အခါတိုင်းဝင်ရောက်လာသောထိုကောင်လေး၏ပုံရိပ်များ။သူ့အားအမြဲမြဲလိုလိုငေးကြည့်နေတတ်သောထိုကောင်လေးမျက်ဝန်းများကိုပြန်လည်မြင်ယောင်လာသည်။

ထိုကောင်လေးအရက်မူး‌လာသည့်နေ့ကဖြစ်ရပ်များသည်အတွေးထဲကိုစိုးမိုးခြယ်လှယ်လာသည့်အခါအတွေးစတို့ကိုချက်ချင်းရပ်တန့်ပစ်လိုက်ရသည်။သူ့ခံစားချက်တို့သည်ရောထွေးနေပါ၏။တည်ငြိမ်နေသောကန်ရေလေးအားကျောက်ခဲ့တစ်ခုပစ်လိုက်ရင်းရေကန်အားဝဲဂယက်ထအောင်လုပ်သကဲ့သို့သူ၏တည်ငြိမ်နေသောစိတ်တို့ကိုရှိုင်းထက်အောင်ဟူသောကောင်လေးသည်ကျောက်ခဲတစ်ခုကိုအားပါပါနှင့်သာပစ်လွှတ်လိုက်သည်သာဖြစ်ပေသည်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now