ဦးရဲ့ကမ္ဘာငယ် ၅၀ (U+Z)

1.8K 99 3
                                    

mediaကပုံကရှိုင်းထက်အောင်နဲ့နဲနဲဆင်လို့ပါ။အရပ်အမောင်းနဲ့ပုံစံကိုပြချင်တာပါ...
မျက်နှာအချိုးအစားကတော့သိပ်မဆင်ပါဘူး...ရှိုင်းထက်အောင်ကပိုပြီးတော့Manlyဖြစ်တယ်။
နူးနူးညံ့ညံ့ဒေါက်တာလေး...ဦးဘုန်းမြတ်သူရဲ့ဦးဆောင်သူပေါ့...ခိခိ


*__*

Unicode

ဦးရဲ့ကမ္ဘာငယ်



"ကျွန်တော်တောင်းပန်ပါတယ်..."

ဦးရဲ့လက်မောင်းကပတ်တီးဖွေးဖွေးပေါ်ဖွဖွလေးပွတ်သပ်ရင်းရှိုင်းထက်အောင်တောင်းပန်စကားဆိုမိသည်။ဒဏ်ရာကြောင့်ပင်ပန်းနေဟန်ရသည့်ဦးကအရင်လိုတည်တင်းနေတဲ့မျက်နှာထားမရှိတော့။

"မင်းအမှားမှမဟုတ်တာ...
ငါ့ဆုံးဖြတ်ချက်နဲ့ငါ..."

"ကျွန်တော်ကအခုလိုချစ်ဖို့ထိုက်တန်ရဲ့လား...
တစ်ကယ်လို့ထိသွားတာ
လက်မောင်းမဟုတ်ဘူးဆိုရင်ရောလို့"

"ထိုက်တန်လို့ပဲငါအခုဆေးရုံမှာ
ပတ်တီးနဲ့ရောက်နေတာလေ..."

"ဦး...ကျွန်တော်..."

"ဘုန်းမြတ်သူ! ..."

ဒေါ်ခိုင်ခိုင်မြတ်ရဲ့အသံကြောင့်ရှိုင်းထက်အောင်ဆီကစကားသံထပ်ထွက်မလာတော့။

"မင်းကြောင့်ဖြစ်ရတာ...

မင်းကြောင့်...
မင်းကိုငါ့သားကအရူးအမူးချစ်နေလို့"

ရှိုင်းထက်အောင်ရှေ့မှာဘုန်းမြတ်သူပိတ်ရပ်လိုက်သည်။ဒေါ်ခိုင်ခိုင်မြတ်ရဲ့လက်တွေကရှိုင်းထက်အောင်ကိုရိုက်ဖို့ရည်ရွယ်ထားပြီးဖြစ်ပေမဲ့သားဖြစ်သူကအရှေ့ကိုရောက်လာသည့်အခါလက်တွေဟာလေထဲမှာတုန့်ဆိုင်းသွားရသည်။

"သူ့ကိုလက်နဲ့ရွယ်စရာလဲမလိုဘူး
သူ့ကိုလည်းမထိပါနဲ့မေမေ..."

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now