ဦးရဲ့ကမ္ဘာငယ်
"ကဲ...ထမင်းနဲ့စားလည်းရတယ်
ဒီအတိုင်းစားလဲရတယ်"
"ဟုတ်...မွှေးနေတာပဲ
တစ်ကယ်အရသာရှိမဲ့ပုံလေး..."
ဘုန်းမြတ်သူကတော့Tempuraကိုကြည့်ကာပြောခြင်းဖြစ်ပေမဲ့ရှိုင်းထက်အောင်ကတော့ဘုန်းမြတ်သူကိုကြည့်၍ပြောခြင်းသာ။အမှန်ဆိုဘုန်းမြတ်သူသဘောပေါက်သင့်သည်။ရှိုင်းထက်အောင်၏မျက်ဝန်းတို့သည်မရိုးသားမှန်းသာမန်လူတောင်တစ်ချက်ကြည့်ရုံနှင့်သဘောပေါက်နိုင်ပေသည်။
'Knock knock'
တံခါးခေါက်သံကြောင့်ဘုန်းမြတ်သူခပ်မြန်မြန်သွားဖွင့်ကြည့်မိတော့။
"ဟင်...မေမေ"
"ဟုတ်ပါသတဲ့ရှင်
မွေးမိသခင်ဒေါ်ခိုင်ခိုင်မြတ်ပါ"
" မေမေကလဲနောက်ပြီ
လာလေအိမ်ထဲဝင်... "
" ဧည့်သည်တွေဘာတွေနဲ့ပါလား "
" ကျွန်တော်ကရှိုင်းထက်အောင်ပါခင်ဗျ "
" သမီးလေးစန္ဒာအေးရဲ့မောင်ပဲ
လူကိုမမြင်ဖူးသေးဘူးကွယ်
ဆေးတက္ကသိုလ်ကလို့တော့
ဘုန်းမြတ်သူဆီကကြားဖူးသား "
" ဟုတ်တယ်ခင်ဗျ..."
" သားကဒီကိုဘာလာလုပ်တာတုန်း "
"သူကသားအိမ်မှာစာလာကျက်တာ
သားအိမ်လေးကခေါင်းရှင်းပြီး
စာကျက်လို့အဆင်ပြေတယ်ပြောလို့ပါ "
" ဪ...ဟုတ်ပါပြီ...
ဟုတ်ပါပြီ စာလဲကျက်မယ်
မုန့်လဲစားမယ်ပေါ့
ဘုန်းမြတ်သူလက်ရာကိုသဘောကျတယ်ပေါ့ "
အချိန်ခဏလေးအတွင်းအကဲခတ်နိုင်သည့်ဒေါ်ခိုင်ခိုင်မြတ်ကြောင့်ရှိုင်းထက်အောင်အနည်းငယ်တော့ရှိန်သွားသည်။ပြုံးပြရင်းသာခေါင်းညိမ့်လိုက်ရသည်။စတွေ့သည့်အချိန်မှာထဲကကြောက်ဖို့ကောင်းနေသည့်မိမိ၏ယောက္ခမလောင်းနှင့်မည်သို့ရှေ့ဆက်ရပါမည်နည်း။
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Genç Kurgu15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|