ဦးရဲ့ကမ္ဘာငယ် ၄၁

1.5K 81 8
                                    

************

ဦးရဲ့ကမ္ဘာငယ်



"မိဘမျက်နှာကို

အိုးမဲသုတ်တဲ့ကောင်...ဟမ်

ငါတို့မှာတော့ငါတို့သားလေးလိမ္မာတယ်ဟဲ့ဆိုပြီး

မြှောက်စားထားရတာ...အခုတော့

အသိုင်းအဝိုင်းထဲမှာဘယ်လိုမျက်နှာပြရတော့မလဲ

ပြောစမ်း...ရှိုင်းထက်အောင်"

ရှိုင်းထက်အောင်ဒူးထောက်ရင်းခေါင်းကိုသာတွင်တွင်ငုံ့ထားမိသည်။တစ်နေ့သိသွားကြမည်ဆိုတာသိပေမဲ့ယခုကဲ့သို့မြန်မြန်ဆန်ဆန်ကြီးသိသွားကြလိမ့်မည်ဟုသူမမျှော်လင့်ထားခဲ့တာအမှန်ပင်။

"ကျွန်တော်လဲလူပဲ

ကျွန်တော့်ခံစားချက်နဲ့ကျွန်တော်ရှိတယ်"

"သမီးကိုယ်တိုင်

သူတို့နှစ်ယောက်ကိုမိတ်ဆက်ပေးခဲ့တာ

သူ့အပြစ်မဟုတ်ဘူးသမီးအပြစ်..."

မောင်ဖြစ်သူရှေ့မှမားမားမတ်မတ်ရပ်တည်ပြီးကာကွယ်ဖို့စန္ဒာအေးဆုံးဖြတ်ထားပြီမို့ဖြစ်လာမည့်ပြဿနာကိုခါးစည်းခံရုံသာ။

"ဘုန်းမြတ်သူကလူကြီးဖြစ်ပြီး

ဒါလေးကိုတောင်မဆုံးဖြတ်နိုင်ဘူးလား

သူ့လုပ်ရပ်က ကလေးရဲ့တက်လမ်းကိုပိတ်နေတယ်ဆိုတာ

မသိဘူးလား"

"ဦးအပြစ်မဟုတ်ဘူးလို့...

ကျွန်တော့်ကိုဆူချင်သလောက်သာဆူ

ဦးကိုတော့အပြစ်မပြောပါနဲ့..."

"နင်...တိတ်စမ်း"

"အား...မေမေ!"

နဖူးကိုလာမှန်သည့်ဖန်ခွက်ကြောင့်ဒူးထောက်နေရာမှတစ်ချက်ယိုင်သွားရသည်။နဖူးကသွေးစတွေကိုစမ်းမိတော့မယုံကြည်နိုင်လောက်အောင်။စီးကျလာတဲ့သွေးတွေကိုလက်ခုံနဲ့သုတ်ပစ်လိုက်ရင်းခေါင်းကိုမော့ပေးထားလိုက်သည်။ထပ်ပြီးပစ်ပေါက်ချင်လိုကပစ်ပေါက်လိုက်ဟူသည့်သဘော။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now