ဦးရဲ့ကမ္ဘာငယ် ၁၄

2.2K 144 13
                                    

ဦးရဲ့ကမ္ဘာငယ်



စာအုပ်လေးကိုကိုင်ထားသောဘုန်းမြတ်သူ၏လက်တို့တုန်ရင်နေပါသည်။

ဘာကြောင့်များလဲ...။

နည်းလမ်းနှစ်မျိုးသုံးပြီးသူ့ထံပါးချဉ်းကပ်လာသောထိုကောင်လေးအားစိတ်ဆိုးမိပါသည်။

ရှိုင်းထက်အောင်သည်ရိုးသားသော

ဆေးကျောင်းသားလေးတစ်ယောက်အဖြစ်

ဟင်းချက်တော်သောသူ့အကြိုက်မုန့်များကို

ရွေး၍ပြုလုပ်ပေးတတ်သောကောင်လေးတစ်ယောက်အဖြစ်

သူ့ထံသို့ချဉ်းကပ်ခဲ့လေသည်။

တိတ်ဆိတ်သွားသောဦးဆီသို့အကြည့်ပို့မိချိန်တွင်ကားရှိုင်းထက်အောင်နောင်တရမိသည်။ဦး၏လက်ထဲတွင်ရှိနေသောသူ့စာအုပ်သည်သူ၏လက်ရေးအမှန်ဖြင့်ရေးထားသေားစာအုပ်လေးဖြစ်သည်။ဦးရိပ်မိသွားခဲ့ပြီလား။သူလက်လျှော့ရတော့မည်လား။

"ဦး..."

"ဟင်..."

အတွေးလွန်နေရာမှပြတ်တောက်သွားသည်မို့ဘုန်းမြတ်သူစိတ်ထဲမတင်မကျနှင့်။

"ကျွန်တော့်စာအုပ်လေး

ပြန်ပေးဦးလေ"

စာအုပ်ပြန်တောင်းနေသည့်ကောင်လေး။

ထိုကောင်လေး၏မျက်ဝန်းများကားပကတိဖြူစင်ပါသည်။

တစ်ခါတစ်ရံသူ့အားမြတ်နိုးသည့်အရိပ်အယောင်တွေမြင်ရတတ်ပေမဲ့

အဓိပ္ပာယ်ဖော်ရခက်ခဲနေသောမျက်ဝန်းများအားဘုန်းမြတ်သူရင်မဆိုင်ချင်ပါ။

"အွန်း...ဦးနေသိပ်မကောင်းချင်လို့

အားနာပါတယ်...

မင်းဒီနေ့ပြန်လိုက်ပါ "

"ဦးအဆင်ပြေရဲ့လားဟင်"

နဖူးပေါ်ခပ်မြန်မြန်ရောက်ရှိလာတဲ့လက်ဖဝါးနွေးနွေးကြောင့်အသိစိတ်တွေဟာဝေဝါးသွားခဲ့သည်။လက်ရဲဇက်ရဲနိုင်လှသောကလေးတစ်ယောက်ပါလေ။

"ကိုယ်လဲမပူပါဘူး

ဦးမျက်နှာကလဲနဲနဲနီနေတယ်

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now