ဦးရဲ့ကမ္ဘာငယ် ၂၁

2.2K 152 10
                                    

ဦးရဲ့ကမ္ဘာငယ်


"ကျေးဇူးတင်ပါတယ်

ဦးရေ

ဗိုက်ကိုတင်းသွားတာပဲ"

"နွယ်လဲကျေးဇူးတင်တယ်‌နော်...ဦး

menuအသစ်လဲအားပေးပါဦး"

"ကျွန်တော်ကဦးအိမ်ကိုလိုက်မှာ"

"အင်း...သဘောပဲ"

"ဟုတ်..."

သူ့အား ထူးဆန်းစွာအလိုလိုက်နေသော ဦးကြောင့် ရှိုင်းထက်အောင်အပျော်တွေကို မထိန်းချုပ်နိုင်တော့။ 

"မင်းကဦးကို

အဲ့လောက်တောင်ပဲချစ်တာလား"

"အဲ့ထက်ပိုတယ်

အများကြီး...

အများကြီး..."

"သောက်ကလေးလေး..."

ဦးကအရယ်တစ်ဝက်နဲ့ပြောလာတယ်။ ဦးပုံစံကြည့်ရတာ တစ်ခုခုကို သဘောကျနေသလိုမျိုးပဲ။ ဘယ်လိုပဲဖြစ်နေပါစေ။ ဦးကသူ့ကို အရင်ကလောက် မစိမ်းကားတော့ဘူးဆိုတဲ့ အသိကိုပဲရင်ဝယ်ပိုက်ပြီး ရူးနေရလဲအဆင်ပြေပါတယ်။

"မင်းကားမောင်းတတ်လား"

"မောင်းတတ်ပါတယ်..."

"‌ဒါဆိုကားသော့ယူလိုက်

ဦးပင်ပန်းနေလို့

မင်းပဲကားမောင်းလိုက်တော့"

ဦးက ကားသော့လေးကိုပစ်ပေးလိုက်တာမို့ အမိဖမ်းလိုက်ရသည်။ ဦးရဲ့မျက်နှာလေးက အမှန်တစ်ကယ် ပင်ပန်းနေသည့်ပုံလဲ‌ပေါ်သည်။

သူနှင့်ဦးရဲ့အပြန်လမ်းက အလွန်ကိုတိတ်ဆိတ်နေသည်။ ဦးကမျက်ဝန်းအစုံကို မှိတ်ထားရင်းငြိမ်သက်နေသည်။ တစ်စုံတစ်ခုကို နက်နဲစွာတွေးတောနေဟန်လည်း ပေါ်နေသည်။ 

ရှိုင်းထက်အောင်ထံတွင် မေးခွန်းပေါင်းများစွာ ရှိနေပါသည်။ သူနှင့်ဦး၏ ဆက်ဆံ‌ရေးအခြေအနေ၊ ဦးအနားမှာနေရသည်ကိုပျော်ပါသည်။ အခုလိုအခြေအနေထက် ပို၍လည်း ဆက်သွားချင်သည်။ ဦးကသာ သူ၏ချစ်သူဖြစ်လာမည်ဆိုလျှင်...။ သူနှင့်ဦး လက်ထပ်နိုင်ကြမည်ဆိုလျှင်...။ 

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now