ဦးရဲ့ကမ္ဘာငယ်
"ရည်းစားကိုယ်စီနဲ့ဆိုတော့လဲ
သူငယ်ချင်းကိုပလစ်ပြီပေါ့...
ရပါတယ်...ရပါတယ်
စိတ်ထဲမထားပါဘူး"
နွယ်သက်ခိုင်ကတော့စတွေ့ချိန်ကတည်းကအတိုင်းမပြောင်းလဲ။
စနောက်မြဲ။
"အဲ့လိုလဲမဟုတ်ပါဘူး"
ကျောင်းပြန်ဖွင့်ပြီမို့စာတွေနဲ့နပန်းလုံးနေရတဲ့သူတို့သုံးယောက်။
နောက်ဆုံးနှစ်ဖြစ်တာမို့ပိုပြီးကြိုးစားရပေဦးမည်။
သူ့ရည်းမှန်းချက်အသစ်လေးတစ်ခုတော့သူ့ဆီမှာရှိလာလေရဲ့။
နိုင်ငံခြားပညာတော်သင်ထက်မြန်မာနိုင်ငံနေပြီး
ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာရှိတဲ့မပြည့်မစုံနေရာလေးတွေမှာသွားပြီး
ဆေးကုသမှုတွေပေးချင်တာ။မဟုတ်လဲဆေးပေးခန်းလေးတစ်ခုအနေနဲ့ပေါ့။
ဒီအတွေးတွေရလာတာဘာကြောင့်ရယ်လို့
အကြောင်းပြချက်ခိုင်ခိုင်မာမာတော့မရှိပါဘူး။
ဒီအတိုင်းပဲလေးအတွေးတွေဝင်လာတာ။
ဦးနဲ့တိုင်ပင်ကြည့်တော့ခေါင်းလဲမညိတ်သလိုခေါင်းလဲမခါခဲ့။
သူ့သဘောပါပဲတဲ့။
နိုင်ငံခြားပညာတော်သင်သွားတာကလဲကောင်းတဲ့ရည်ရွယ်ချက်ဖြစ်ပေမဲ့
အခုလိုမျိုးနေရာတွေသွားပြီးဆေးကုသမှုတွေပေးချင်တာကလဲ
ကောင်းတဲ့ရည်ရွယ်ချက်ပဲမို့...
သူ့ဆုံးဖြတ်ချက်ကိုအတတ်နိုင်ဆုံးပံ့ပိုးပေးသွားမှာပါတဲ့။
ဘဝကိုအေးအေးချမ်းချမ်းလေးဖြတ်သန်းကြည့်ချင်တယ်။
ချစ်ရတဲ့ဦးနဲ့အတူတူပေါ့။
'ဘုတ်'
သူ့ခေါင်းဆီကိုတည့်တည့်လာမှန်တဲ့ခဲဖျက်လေး။
ပစ်လိုက်တဲ့သူကနှစ်ယောက်မရှိတဲ့နွယ်သက်ခိုင်။
"ခေါ်နေတာကြာပြီ

YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Novela Juvenil15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|