ဦးရဲ့ကမ္ဘာငယ် ၅၅ (U+Z)

1.6K 92 10
                                    

Yes! mediaကပုံကရှင်တို့ဆရာဝန်လေးရဲ့ဟန်ပန်ပါ။hair colorကိုတော့blackနဲ့ပဲတွဲမြင်ပေးနော်။လုံးဝ coolဖြစ်တဲ့type *_*


※※※※

Unicode

ဦးရဲ့ကမ္ဘာငယ်

ကတိလေးတစ်ခုတည်နိုင်ဖို့...



ဘုန်းမြတ်သူ သူ့ကမ္ဘာကြီးမှာဖြစ်ပျက်နေတာမှန်သမျှကိုကြားနေရပါသည်။သို့ပေမဲ့မျက်လုံးဖွင့်လို့လဲမရခဲ့သလိုလှုပ်ရှား၍လဲမရခဲ့ပါ။သူချစ်ရတဲ့ကောင်ငယ်လေးဟာသူ့ဆီနေ့တိုင်းစကားလာပြောလေ့ရှိသည်။ဝမ်နည်းနေသည့်ချစ်သူကိုထွေးပွေ့နှစ်သိမ့်ချင်ပါသော်ငြားသူ့ခန္ဓာကိုယ်ကိုသူမပိုင်သလို။

နေရောင်ခြည်

ပထမဆုံးအကြိမ်သူမျက်လုံးဖွင့်ဖွင့်ခြင်းခံစားမိလိုက်သည်ကနေရောင်ခြည်နွေးနွေး။သူ့လည်ပင်းတစ်လျှောက်နာကျင်ပြီးခြောက်သွေ့နေသည်။သူ့ညာဘက်လက်ဖဝါးတစ်ခုလုံးသည်လက်ဖဝါးပြင်ကျယ်ကျယ်ရဲ့တင်းကြပ်စွာဆုပ်ကိုင်မှုကိုခံစားနေရသည်။

ထိုကောင်းလေးဟာအိပ်ပျော်နေရာမှနိုးလာပုံရပြီးသူ့ကိုတွေတွေလေးငေးနေပြန်သည်။

"ဦး...သတိရလာပြီလား
ကျွန်တော်အိပ်မက်မက်နေတုန်းပဲထင်တယ်"

ခြောက်ကပ်ကပ်ရယ်သံကြောင့်ဘုန်းမြတ်သူနှလုံးသားဆီမှနာကျင်မှုကိုခံစားလာရသည်။

"အဲ့ဒါဆိုလဲ
ဆက်အိပ်နေလိုက်တော့လေ
အရူးလေးရဲ့"

"တကယ်...တကယ်ကြီး
ဦးနိုးလာပြီလား..."

"အင်း..."

ရှိုင်းထက်အောင်မျက်နှာထက်ကအပြုံးဟာသူ့ကိုနေရောင်ခြည်ထက်ပင်နွေးထွေးစေသည်တဲ့။အောက်စီဂျင်တပ်ထားသည်ကိုဖြုတ်လို့ဘုန်းမြတ်သူထိုင်ဖို့ကြိုးစားတော့ရှိုင်းထက်အောင်ကကူညီပေးသည်။ဘုန်းမြတ်သူရဲ့ခန္ဓာကိုယ်ကဒဏ်ရာတွေဟာတစ်လအတွင်းမှာပျောက်ကင်းလုနီးပါးရှိနေပြီ။ခေါင်းကပတ်တီးဖြူဖြူလေးမှလွဲ၍။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now