ဦးရဲ့ကမ္ဘာငယ် ၂၅ (Zawgyi)

745 36 2
                                    

ဦးရဲ့ကမ္ဘာငယ်



"သမီးသူ့ကို

လက်မထပ်နိုင်ဘူး"

"ဘာလို့လဲ..."

"ဘာလို့လဲ...

ဟုတ်လား...သမီးအကြောင်းကို

မသိတာလဲမဟုတ်ဘူး

သမီးယောက်ျားလေးတွေကို

သဘောမကျဘူး

ကြိုက်လဲမကြိုက်ဘူး

ယောက်ျားယူဖို့ဆိုပိုမဖြစ်နိုင်သေးတယ်"

"လူကြီးတွေ

သဘောတူထားတာမို့

မျက်နှာပျက်စရာ

ကိစ္စတွေမလုပ်နဲ့...စန္ဒာအေး"

"သမီးအသက်၃၅နှစ်

သမီးကိစ္စတွေကို

သမီးဘာသာဆုံးဖြတ်မယ်"

"တော်စမ်းပါ...

နင်ကဘာဖြစ်ချင်နေတာလဲ

မိန်းမ မိန်းမချင်းကြိုက်နေတာမို့လို့လား"

"ဟုတ်တယ်

သမီးသဘောကျတဲ့

ကောင်မလေးရှိတယ်

မေမေ မကျေနပ်ရင်

အဲ့တာမေမေ့အပိုင်း"

"အသက်ကြီးလာတော့

မိဘကိုပြန်ပြောတက်လာပြီလား

နင့်လိုသမီးမျိုးမွေးခဲ့ရတဲ့

ငါပဲမှားတာပါ...

ဒါမဲ့တစ်ခုတော့ရှိတယ်

နင်နဲ့ဘုန်းမြတ်သူနဲ့ယူရမယ်

သူ့အမေကလဲသဘောတူတယ်

လူကောင်းသူကောင်းက

အခုခေတ်မှာရှားနေပြီ"

"အဲ့တာဘာလုပ်ရမှာလဲ...

တော်ပြီမေမေ...ဒီမှာတင်

ဒီကိစ္စကိုဖြတ်..."

အမေဖြစ်သူကိုပြန်အော်ဖို့ပြန်ပြောဖို့တစ်ခါမျှမတွေးခဲ့ဖူးသော်ငြားထိုကိစ္စနှင့်ပတ်သတ်လာသည့်အခါအမြဲလိုလိုပြဿနာကြီးရပြန်သည်။ဆက်ပြီးစကားပြောနေကြမည်ဆိုပါကအမေဖြစ်သူသွေးတိုးသွားနိုင်မှန်းစန္ဒာအေးသိတာမို့အပြင်သွားစရာရှိသည်ဟုသာပြောခဲ့ပြီးပိုက်ဆံအိတ်ကိုဆွဲယူကာထွက်ခဲ့လိုက်သည်။

ထိုကိစ္စဖြစ်လာရသည့်အကြောင်းအရင်း...။သူမ ကိုယ့်ကိုယ်ပဲအပြစ်တင်လိုက်မိသည်။မိဘလုပ်စာထိုင်စားနေခြင်းမဟုတ်ပေမဲ့သူမကမိဘအိမ်မှာနေ၊မိဘကပေးထားတဲ့ကားကိုစီး...။အခုမိဘကစီစဉ်တာကိုလက်မခံ...။သူမကအတော်လေးဆိုးသည့်သမီးကြီးတစ်ယောက်ပေပဲ။

" မ တို့တွေ့ကြရအောင်

သီရိလေး"

သီရိမေဆီဖုန်းခေါ်ရင်းထိုစကားလေးတစ်ခွန်းကိုသာပြောလိုက်မိသည်။ဘယ်နေရာမှာတွေ့ကြမည်ဆိုသည်ကိုတော့ဖြင့်ထိုကောင်မလေးအားပြောပြနေစရာမလိုပါ။

အဖေဖြစ်သူမှသူမအားဝယ်ပေးထားသောကားကိုမစီးတော့ပဲYBSစီးဖို့ဆုံးဖြတ်လိုက်မိသည်။ရှေ့ဆက်ဖြစ်လာမည်ကိစ္စတွေကအိမ်ပေါ်ကဆင်းကိန်းတွေသာဖြစ်နေတာမို့အခုကတည်းကစုဆောင်းတန်တာစုဆောင်းထားရမည်သာ။ကိုယ့်အတွေးကိုယ်ရယ်နေမိရင်းကားမှတ်တိုင်ကိုလမ်းလျှောက်သွားလိုက်သည်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now