ဦးရဲ့ကမ္ဘာငယ် ၄၈ (U+Z)

1.5K 87 2
                                    

Unicode

ဦးရဲ့ကမ္ဘာငယ် 



"အာရုံစိုက်...

ဓားကိုင်တဲ့အခါမှာအားကို

လက်ကောက်ဝတ်မှာထည့်ထား"

"ဓားနဲ့လူကတစ်သားတည်းဖြစ်နေမှရမှာ"

"ကိုယ်ကိုင်ထားတဲ့ဓားဟာ

ကိုယ့်အသက်ကိုကာကွယ်ပေးမဲ့ပစ္စည်းတစ်ခုပဲ"

ဝင်းဝေယံအောင်ရဲ့ဩရှတဲ့အသံကသင်တန်းသားတွေပေါ်မှာလွှမ်းမိုးနေတယ်။သင်တန်းသားတွေထဲမှာရှိုင်းထက်အောင်လဲပါဝင်တယ်။

ဘုန်းမြတ်သူကဝါးလက်ဖက်ရည်ခွက်ကိုဟန်ပါပါသောက်နေရင်းသူ့ကမ္ဘာငယ်ရဲ့သိုင်းပညာသင်ယူနေဟန်ကိုရှုစားတယ်။ဘောပင်ကိုင်တဲ့လက်၊stethoscopeကိုင်တဲ့လက် ဆေးထိုးအပ်ကိုင်တဲ့လက်နူးနူးညံ့ညံ့လေးတွေကသစ်သားဓားကိုင်တဲ့အခါမလိုက်ဖက်ဘူးလို့ထင်ရပေမဲ့သိပ်ကြည့်ကောင်းလွန်းပါတယ်။

"မင်းတို့ရဲ့လက်နဲ့ခန္ဓာကိုယ်ကို

မြန်မြန်လှုပ်ရှားနိုင်လေ...

မင်းတို့ရဲ့kenjutsuကအားကောင်းလာလေပဲ"

"သေချာလေ့ကျင့်ကြ..."

"ဟုတ်!"

ဝင်းဝေယံအောင်ကအမိန့်ပေးရတာမောသွားဟန်နဲ့ဘုန်းမြတ်သူနားမှာပြန်လာထိုင်လို့ရေနွေးလာသောက်တယ်။သူသင်ပြင်ခဲ့တဲ့အတိုင်းအကုန်လုံးကလေ့ကျင့်နေကြဆဲပဲ။ရှိုင်းထက်အောင်အပါအဝင်။

ဝေယံကနှစ်ကိုယ်သာကြားနိုင်တဲ့လေသံတိုးတိုးနှင့်စကားဆိုလာသည်။

"မင်းကောင်လေးကိုသင်ပေးဖို့

ဆုံးဖြတ်လိုက်တာငါဝမ်းသာပါတယ်"

"သူငါ့အကြောင်းမသိဘူး"

ဒီစကားကိုကြားတော့ဝေယံသောက်နေတဲ့ရေနွေးသီးမလိုဖြစ်သွားတယ်။ဘုန်းမြတ်သူကိုမယုံနိုင်တဲ့မျက်ဝန်းတွေနဲ့ပြန်ကြည့်တယ်။

"မဟုတ်သေးပါဘူး...

မင်းကိုသူကသာမန်လုပ်ငန်းရှင်

ပုလဲကုမ္ပဏီပိုင်ရှင်အဖြစ်ပဲသိတယ်ပေါ့

မင်းရင်ဆိုင်နေရတဲ့အန္တရာယ်တစ်ခုမှသူမသိဘူးပေါ့"

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now