{Unicode}
《လက်ထပ်ခွင့်တောင်းခြင်း》
မေမေစု၏သူ့အပေါ်ကြည့်သည့်အကြည့်က ပိုပိုပြီးထူးဆန်းလာသည့်အတွက် စုပေဂနာမငြိမ်ဖြစ်လာရသည်။နောက်တစ်ရောက်တဲ့အခါမှာတော့ ဖုန်းရှင်းလန်ကရေခဲတစ်မျှအေးစက်နေသည့်လေသံဖြင့် , "ကျွန်တော်တို့ပြန်သင့်ပြီ နောက်တစ်ကြိမ်ကျွန်တော်တို့ထပ်လာခဲ့ပါ့မယ်"
မေမေစုကသူမလက်ကိုစိတ်တိုစွာ လွှဲယမ်းရင်း , "သွား..သွား..သွား..ငါ့ခံစားချက်တွေကိုထိခိုက်အောင်လာမလုပ်နဲ့"သူတို့ပြန်လာပေမယ့် ဖုန်းရှင်းလန်ကအိမ်ပြန်ဖို့ရာအလျင်မလိုပါဘူး။သူက "ရုပ်ရှင်သွားကြည့်ကြရအောင် " လို့ပြောလိုက်တယ်။ စုပေကတော့လာနောက်နေတာလားဆိုတဲ့အမူအရာဖြင့် သူ့ကိုကြည့်လာသည်။အနိုင်ကျင့်တတ်တဲ့ဥက္ကဌကြီးကရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်မယ်? ပုံမှန်ဆိုရင်အေးစက်တဲ့မျက်နှာထားနှင့်နေတဲ့သူကအခုတော့ နူးညံ့စွာနှင့် မေးတယ်။ "ဘာဖြစ်လို့လဲ"
စုပေခေါင်းခါပြလိုက်သည်။
"ဒီတိုင်းရုပ်ရှင်ကြည့်တာကခင်ဗျားနဲ့လိုက်ဖက်တဲ့အရာမဟုတ်ဘူးလို့ တွေးမိလိုက်လို့ပါ"
ဖုန်းရှင်းလန်ကပြုံးပြလိုက်ကာ , "ဒါကချစ်သူတွေလုပ်နေကျအရာမဟုတ်ဘူးလား?"
စုပေမျက်နှာချက်ချင်းပူထူသွားသည်။ချစ်သူတွေတဲ့လား?အရမ်းရှက်ဖို့ကောင်းလိုက်တာ!!!ဘယ်လိုပဲဖြစ်ဖြစ်သူတွေးနေတာတွေကနေလွတ်မြောက်သွားချိန်မှာ သူဖုန်းရှင်းလန်နှင့်အတူရုပ်ရှင်ကြည့်ဖို့သွားလိုက်သည်။ဖုန်းရှင်းလန်က သရဲကားလတ်မှတ်ကိုဝယ်လာတဲ့အချိန်မှာ သူစိတ်ရှုပ်ထွေးစွာမေးလိုက်သည်။ "ဖျော်ဖြေရေးဇာတ်ကားကိုဝယ်သင့်တာမဟုတ်ဘူးလား?"
ဖုန်းရှင်းလန်ကအဓိပ္ပါယ်အပြည့်ပါသည်အပြုံးနှင့်ပြောသည်။ "မင်းသိလာပါလိမ့်မယ်"
စုပေရုပ်ရှင်ကြောင့်ကြောက်လန့်တစ်ကြားဖြစ်ကာ ဖုန်းရှင်းလန်လက်မောင်းကြားထဲမတော်တစ်ဆဝင်ပုန်းမိသည့်အချိန်ကျမှ သူ့အကြံအစည်ကိုနားလည်တော့သည်။စုပေစိတ်ထဲတွင်တော့ သူသေချာပေါက်ကြောက်နေတာမဟုတ်ဘူး။သူရုပ်ရှင်ကြောင့်ဒီတိုင်းနည်းနည်းလေးလန့်သွားယုံလေးတင် ဟုအော်ဟစ်နေသည်။သူလိုချင်တာရသွားတဲ့ဖုန်းရှင်းလန်ကအတွက်ကတော့ တော်တော်လေးစိတ်ကောင်းဝင်နေသည်။ရုပ်ရှင်ကြည့်ပြီးတဲ့အချိန်မှာသူတို့မွန်းလွဲပိုင်းတောင်ရောက်နေပြီဖြစ်တဲ့အတွက် ဖုန်းရှင်းလန်ကစုပေကို ကြိုတင်မှာထားတဲ့စားသောက်ဆိုင်ဆီခေါ်ဆောင်သွားသည်။
BẠN ĐANG ĐỌC
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
Lãng mạnEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...