[Unicode]
ထို့နောက် ဟန်စန်းရီက စုပေကိုမမြင်သလိုထွက်သွားသည်။
လူတိုင်း စိတ်ပျက်သွားကြသည်။သူတို့က ပွဲကောင်း
ကြည့်ရတော့မယ်ဆိုပြီး မျှော်လင့်ထားကြပေ
မယ့် အခုတော့ဘာမှဖြစ်မလာခဲ့။ဟန်စန်းရီထွက်ခွာသွားတဲ့အခါမှာ စုပေကလည်း
သူနောက်သို့လိုက်ကာ ထွက်ခွာသွားတယ်...လမ်းအနည်းငယ်လျှောက်ပြီးသွားတဲ့အခါမှာ
ဟန်စန်းရီက လမ်းကြိုလမ်းကြားထဲသို့ ဝင်သွားခဲ့
သည်။စုပေကလည်း သူနောက်လိုက်ဝင်တဲ့အခါ
ဟန်စန်းရီက သူ့ကိုရပ်စောင့်နေတာ တွေ့လိုက်ရ
သည်။ဟန်စန်းရီ၏မျက်လုံးများက ကျဉ်းမြောင်းသွားကာ
သူ့နောက်အမြီးတန်းလန်းလိုက်နေသည့် စုပေကို
ကြည့်လိုက်သည်။
"ဘာလို့ ငါနောက်လိုက်နေရတာလဲ?"စုပေက ချိုမြန်သောအချစ်စကားလုံးလေးများကို
ပြောလိုက်သည်။
"မင်းကိုမတွေ့ရတာ ရက်တော်တော်ကြာသွား
ပြီဖြစ်တဲ့အတွက်...ငါမင်းကိုအရမ်းလွမ်းနေပြီ..."ဟန်စန်းရီ၏နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားကာ သူ့မျက်လုံးတွင်လည်း အန္တရာယ်ရှိသည့်
အငွေ့အသက် ရောယှက်လာသည်။
"မင်းမိန်းမတွေအပေါ် သုံးနေကျလှည့်ကွက်တွေ ငါ့အပေါ်လာမသုံးစမ်းနဲ့"စုပေက မြန်မြန်ပြန်ဖြေလိုက်သည်။
"မသုံးပါဘူး...ငါက ငါ့စိတ်ထဲတကယ်ဖြစ်ပျက်နေတာ
တွေကို ပြောပြတာပါ"ဟန်စန်းရီက နှာမှုတ်ကာလှည့်ထွက်သွားခဲ့သည်။
စုပေကလည်း သူ့နောက်သို့လိုက်သွားကာ ,
"ဟန်စန်းရီ မင်းဘယ်ကိုသွားမလို့လဲ...ငါ့ကိုရော
ခေါ်သွားလို့ရလား"ထိုအချိန်တွင် ဟန်စန်းရီသည် စုပေကသူ့ကိုယ်ပေါ်ကနေ
ခွာချလို့မရနိုင်သည့် ကပ်စေးသကြားလုံးလေး
လို ခံစားလိုက်ရသည်။
"မင်းသေချာလား"စုပေက အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက်
ပြောလိုက်သည်။
"အဲ့နေရာက အရမ်းအန္တရာယ်များတယ်ဆိုရင်တော့
မေ့လိုက်တော့.."

ESTÁS LEYENDO
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...