《49》[အင်ပါယာအရှင်သခင်]

9.7K 1.7K 42
                                    

[Zawgyi]

မုချင်းဟန် မျက်လုံးထဲအရောင်အနည်းငယ်လက်သွားကာ
ပြုံးရင်းပြောလိုက်တယ်။
"ကျွန်တော်မျိုးကြားတာတော့ အရှင်မင်းကြီးအအေးမိနေ
တယ်တဲ့။ဒါကြောင့် ကျွန်တော်မျိုးက အထူးလာရောက်
လည်ပတ်တာပါ"
စုပေ မျက်နှာမဲသွားသည်။အအေးမိတယ်ဟုတ်လား?
အဲ့တာအကုန်မင်းကြောင့်မဟုတ်ဘူးလား?
ဘာကိစ္စလာဟန်ဆောင်ပြနေရလာလဲ??

မုချင်းဟန်နှုတ်ခမ်းက ပိုမိုနက်ရှိုင်းစွာ ကွေးညွတ်လာသည်။
သူ စုပေတုန့်ပြန်ပုံကိုအလွန်ကျေနပ်သည်။
748 : "ဆွဲဆောင်ခြင်းယူနစ်ဘားတန်း 5% တိုးလာပါပြီ။
တိုးတက်ခြင်းဖြစ်စဉ် 34% ပါ။"
စုပေ စိတ်ထဲတွင် - 'ငါဘာလို့မုချင်းဟန်ရဲ့ ဆွဲဆောင်ခြင်း
ယူနစ်ဘားတိုးတက်လာလည်း နားမလည်နိုင်ဘူး။ကြည့်ရ
တာ ငါပိုပြီးစိတ်ဆင်းရဲကလေ ယူနစ်ဘားတန်းတိုးတာမြန်
လေလား။'

ထိုအတွေးကြောင့် သူတုန်လှုပ်သွားသည်။သူနောက်တကြိမ်
ကြောက်မက်ဖွယ်အခြေအနေကို ပြန်မရောက်ချင်တော့ဘူး။
ဧကရီလည်း ခေါင်းမူးသွားသည်။သူမဘာလို့ အရှင်မင်းကြီး
အအေးမိနေတယ်ဆိုတဲ့ သတင်းကိုမကြားမိတာတုန်း။
ပြီးတော့ အုပ်ချုပ်သူမင်းသားကရော ဘယ်တုန်းကစပြီး
အရှင်မင်းကြီးကို စိုးရိမ်တတ်သွားရတာတုန်း။
ဘာတွေဖြစ်နေတာလဲ။သူတို့ကြားထဲမှာ လူမသိသူမသိ
ကိစ္စတစ်ခုခုများဖြစ်ပွားခဲ့လို့များလား။
ဘာကိစ္စများဖြစ်နိုင်မလဲ?

သူမရုတ်တရက် မုချင်းဟန်ကအရှင်မင်းကြီးကို ရထားလုံး
ပေါ်ကနေချီချပေးတယ်ဆိုတဲ့ ကောလဟာလကို
သတိရလိုက်သည်။ဧကရီပိုပြီး သံသယဝင်လာသည်။
အရှင်မင်းကြီးနဲ့ မုချင်းဟန်ကနောက်ကွယ်မှာ
ကိစ္စတစ်ခုခုများလုပ်နေကြတာလား။မဖြစ်ဘူး။
သူမ ဒီအကြောင်းကိုအနာဂတ်အတွက်ထည့်သွင်းစဉ်းစား
ဖို့ အမတ်ချုပ်ကြီးကိုအကြောင်းကြားရမယ်။
"ဘာကိစ္စမှမရှိတော့ဘူးဆိုရင် " ဧကရီကပြောလိုက်တယ်။
"ကျွန်တော်မျိုးမကို ပြန်ခွင့်ပြုပါဦး"

စုပေက သူမပြောတာကိုမကန့်ကွက်ဘူး။ဧကရီထွက်သွား
ပြီးနောက်မှာတော့ မုချင်းဟန်က စုပေနားသို့ကပ်လာကာ
စုပေ၏တစ်ဦးတည်းသောကလေးအကြောင်း မှတ်တမ်း
တင်ထားသည့်စာအုပ်ကို ကိုင်ထားသည့်
လက်ကိုကြည့်လိုက်သည်။ထိုအထဲမှာ ကလေးက
ဘယ်အရွယ်မှာ စပြီးစကားပြောတတ်တယ်ဆိုတာရယ်၊
ဘယ်အရွယ်မှာ စပြီးလမ်းလျှောက်တတ်တယ်ဆိုတာရယ်
စသဖြင့်ပေါ့....

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Dove le storie prendono vita. Scoprilo ora