[Zawgyi]
မုချင်းဟန်က စုပေသုံးသပ်နေတာကို
စောင့်ပေးတယ်။ထိုအချိန်
စုပေက လေးလေးနက်နက်ပြောလိုက်သည်။
"ကိုယ်တော်သူမနဲ့အိပ်ခဲ့တဲ့ ညတုန်းက ဒီနေ့လိုမျိုးပဲ
ကိုယ်တော်ရုတ်တရက်ကြီး သတိမေ့သွားတာ....
ကိုယ်တော်နိုးလာတဲ့ အချိန်ကျ ဧကရီကကိုယ်တော့်
ဘေးမှာလှဲနေတာ"မုချင်းဟန်မျက်လုံးများ တလက်လက်တောက်ပလာကာ
သူ့နှလုံးသားတစ်ခုလုံး အပျော်တွေနဲ့ပြည့်သွားသည်။ဒါဆို စုပေကအခုထိဘယ်သူနဲ့မှ လိင်မဆက်ဆံ
ရသေးဘူးပေါ့....748 : "ဆွဲဆောင်ခြင်းယူနစ်ဘားတန်း 10 % တိုး
လာပါသည်။တိုးတက်မှုဖြစ်စဉ် 90% ပါ။"စုပေ ယူနစ်ဘားတန်းဘယ်လိုတိုးလာတယ်ဆိုတာကို
မလေ့လာတော့ဘူး။ဘယ်လိုပဲဖြစ်ဖြစ် တိုးလာရင်ရပါ
ပြီ။မုချင်းဟန် သူ့နှုတ်ခမ်းကိုဟလိုက်ကာ ,
"ကျွန်တော်မျိုး အရှင်မင်းကြီးအတွက်
ဒီအကြောင်းကိုစုံစမ်းပေးပါ့မယ်"စုပေ ခဏရပ်သွားပြီးနောက် မုချင်းဟန်ကို
ပြောလိုက်သည်။
"အရမ်းနောက်ကျနေပြီ။ပြန်တော့"
မုချင်းဟန်က သူ့ကိုအဓိပ္ပါယ်အပြည့်ပါသည့်
အကြည့်ဖြင့်ကြည့်ကာ ,
"အရှင်မင်းကြီးကို ကာကွယ်စောင့်ရှောက်ဖို့
အတွက်ဒီမှာနေသင့်တယ်လို့ ကျွန်တော်မျိုးထင်တယ်"ထိုသို့ အဓိပ္ပါယ်မရှိသည့် အကြောင်းပြချက်များကို
သုံးပြီး မုချင်းဟန်သည်စုပေ၏အိပ်ရာတစ်ဝက်ကို
အပိုင်သိမ်းလိုက်သည်။နောက်တစ်နေ့တွင်
ယောင်ယောင်မနက်အစောကြီး အရှင့်ဆီလာခဲ့သည်။
သူမ မုချင်းဟန်နှင့်ထိပ်တိုက်တွေ့သည့်အခါ
သူမနှုတ်ခမ်းဟလိုက်ကာ တစ်ခုခုပြောလိုက်ချင်ပေမယ့်
အရှင်က တိတ်နေသည့်အတွက် သူမလည်း
ဘာမှမပြောတော့။သူမမုချင်းဟန်ကို လျစ်လျူရှုလိုက်ကာ စုပေကို
ပြောလိုက်သည်။
"အရှင်မင်းကြီး ကျွန်တော်မျိုးမတစ်ခုခုကို
ရှာတွေ့ပြီ"
ထိုစကားပြောပြီးနောက် သူမမုချင်းဟန်ကို
လှမ်းကြည့်လိုက်သည်။အဓိပ္ပါယ်ကတော့
ရှောင်ပေးပေါ့။မုချင်းဟန်ကတော့
လုံးဝကို စိတ်ဝင်စားချင်းမရှိပဲ စုပေကိုသာ
ပြောလိုက်သည်။
"ညကျရင် အရှင်မင်းကြီးကိုကာကွယ်ဖို့
ကျွန်တော်မျိုးလာခဲ့ပါမယ်"

VOCÊ ESTÁ LENDO
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...