[Zawgyi]
ဟန်စန်းရီ၏မျက်လုံးများက ပိုပိုပြီးနက်မှောင်လာတဲ့
အတွက် ဖန်းမုပြောနေတဲ့စကားတွေကို
စုပေချက်ချင်းပဲဖြတ်ပြောလိုက်တယ်။
"ဒါက အမှားတစ်ခုပါပဲ"ဖန်းမုက စုပေကိုသူရဲဘောကြောင်တဲ့ကောင်
တစ်ယောက်လို လှည့်ကြည့်လိုက်တယ်။
သို့သော်လည်း ဖန်းမုက ခေါင်းမာတဲ့သူဖြစ်တဲ့
အတွက် စုပေခံစားချက်တွေကို လျစ်လျူရှုထားတယ်။အမှန်အတိုင်းပြောရရင် ဖန်းမုကို စုပေသဘောကျ
ပေမယ့် ဖောက်ပြန်တာကတော့မှန်ကန်တဲ့နည်းလမ်း
မဟုတ်ဘူး။စုပေ သူ့ဦးနှောက်ကိုမြန်မြန်အလုပ်ပေး
သည်။သူ ဖန်းမုကိုရောင်းမစားနိုင်သလို သူ့ ass လေးကိုလည်း ကာကွယ်ရဦးမည်။ဒီခက်ခဲလှတဲ့
အခြေအနေက စုပေတာဝန်ယူနိုင်တာထက်ပိုတယ်။စုပေ အံ့ကြိတ်လိုက်ကာ ဖန်းမုအသက်ကိုပဲ
အရင်ကယ်ကြတာပေါ့!သူက မူလစုပေကဲ့သို့
အလေးအနက်မထားသည့် လေသံဖြင့်ပြောလိုက်
တယ်။"အမှန်အတိုင်းပြောရရင် ငါလည်းသူမနဲ့ကစားခဲ့ရုံပါ"
"ဖန်းမုကငါ့ဆီကနေ ခြိမ်းခြောက်ခံခဲ့ရတာ...
ဒါကြောင့် ဒီကိစ္စကသူမနဲ့မဆိုင်ဘူး""ငါက လှပတဲ့မိန်းကလေးတစ်ယောက်ကို
တွေ့ရင် မလွှတ်ပေးချင်ဘူးလေ။
ွပြောရရင် လှပတဲ့မိန်းကလေး
တစ်ယောက်ဆိုတာ အိပ်ရာပေါ်မှာ အသုံးတော်ခံဖို့ပဲ
မဟုတ်ဘူးလား""ဒါကြောင့် ငါ့ကိုပဲအပြစ်တင်လိုက်ပါ"
ဖန်းမု မျက်မှောင်ကြုတ်သွားသည်။စုပေက သူမကို
ရောင်းစားသွားလိမ့်မယ်လို့ သူမထင်ခဲ့တာ ဒါပေမယ့်
အခုတော့ အရာအားလုံးကို သူတစ်ယောက်ထဲပဲ
ခေါင်းခံလိုက်တယ်။သူမတို့က အချင်းချင်း
တစ်ယောက်လိုအပ်ချက်ကိုသာ တစ်ယောက်ဖြည့်စည်း
ပေးနေကြတယ်ဆိုတာ သေချာသည်။
သူမတို့နှစ်ယောက်လုံးမှာ ခံစားချက်ဆိုတာတွေပါဝင်
မနေဘူး။ဟန်စန်းရီက ကြိုးချည်ခံထားရတာတောင်
တည်ငြိမ်နေသည့် စုပေကို စောင်းကြည့်လိုက်
ရင်း ,"ဒါဆို မစ္စတာစုကအရာအားလုံးကို ခေါင်းခံမယ်
ပေါ့"စုပေက တည်ငြိမ်စွာနှင့် ပြောလိုက်သည်။
"ဒါပေါ့ ငါစုပေက လူကြီးလူကောင်း
တစ်ယောက်ပဲ"
ŞİMDİ OKUDUĞUN
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomantizmEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...