《90》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

7.1K 1.3K 5
                                    

[Zawgyi]

သူမရှိနေတဲ့နေရာက သူနဲ့အရမ်းဝေးတယ်။စုပေ အခုသွားမယ်ဆိုရင်တောင် အရမ်းနောက်ကျသွားလိမ့်
မယ်။
"မင်း ဆေးရုံမသွားဘူးလား"

ရီထောင်ထောင်ကို သူမေးလိုက်တယ်။သူမက ပိုမို
ပြင်းထန်စွာငိုယိုလာကာ ,
"နင်မလာမချင်း ငါဆေးရုံမသွားဘူး"

စုပေခေါင်းတွေတောင် ကိုက်လာသည်။သူ အခု
လာခဲ့မယ်လို့ပဲ ပြန်ဖြေနိုင်တော့တယ်။ဖုန်းချပြီးတဲ့အခါမှာ သူရှောက်ချင်းရန်ကို ဒီအကြောင်းပြောပြတယ်။ရှောက်ချင်းရန်က သူ့ကိုမေးသည်။

"မင်းသူမနဲ့ ရှင်းရှင်းလင်းလင်းမလုပ်ရသေးဘူးလား"

စုပေ ခါးသီးသည့်အမူအရာဖြစ်သွားသည်။သူ
ရှင်းရှင်းလင်းလင်းလုပ်ထားပေမယ့် မလုံ
လောက်သေးဘူးလား။သူဘာတွေပဲပြောပြော
ရီထောင်ထောင်က နားထောင်မှာမဟုတ်ဘူး။
ရှောက်ချင်းရန်၏နှုတ်ခမ်းထောင့်စွန်းက
ကွေးညွတ်သွားကာ ,

"ကောင်းပြီ...ငါမင်းကိုကူညီမယ်"

စုပေက ရှောက်ချင်းရန်ကို ကျေးဇူးတင်သည့်အကြည့်
နှင့်ကြည့်ကာ ,
"မင်းကတကယ့်ကို လူကောင်းတစ်ယောက်ပဲ"

ရှောက်ချင်းရန်ကတော့ လျို့ဝှက်စွာပြုံးနေခဲ့သည်။

သူတို့နှစ်ယောက်လုံး အဝတ်အစားတွေပြန်လဲကာ
ရီထောင်ထောင်ရှိနေသည့် နေရာသို့သွားကြ
တယ်။ရီထောင်ထောင်ပို့ပေးလိုက်တဲ့လိပ်စာက
ဟိုတယ်တစ်ခုပဲ။သူတို့ဟိုတယ်ကိုရောက်တဲ့အခါမှာ
ဒဏ်ရာရထားသည်ဟုပြောခဲ့သည့် ရီထောင်ထောင်က
ကျန်းမာစွာရှိနေခဲ့သည်။သူမက စုပေကိုလှမ်းဖက်လိုက်
ကာ ,

"နင်ငါ့ကို ဂရုစိုက်နေတုန်းပဲဆိုတာ ငါသိနေတယ်"

ဒါပေမယ့် ရှောက်ချင်းရန်ကစုပေကိုဆွဲလိုက်သည့်
အတွက် သူမစုပေကို မဖက်နိုင်ခဲ့ဘူး။ရှောက်ချင်းရန်ကို
သူမစူးစိုက်ကြည့်ကာ ,
"နင်က ဒီမှာဘာလုပ်နေတာလဲ"

ရှောက်ချင်းရန်က စုပေ၏လက်ကိုကိုင်ထားရင်း
သူမကို နူးညံ့သည့်အပြုံးလေးပြုံးပြသည်။
"စုပေကငါ့ကောင်လေးဖြစ်တဲ့အတွက် ငါလည်းလိုက်
ခဲ့သင့်တယ်လေ"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Où les histoires vivent. Découvrez maintenant