[Unicode]
《ပါးရိုက်ခံလိုက်ရခြင်း》
ဖုန်းရှင်းလန်ကမျှော်လင့်ချက်တွေပြည့်နေတဲ့ မျက်ဝန်းနဲ့စုပေကိုစိုက်ကြည့်လိုက်တယ်။
"ဒါဆိုဒီနေ့က စပြောတော့"
စုပေကချိုအီနေတဲ့ချစ်စကားလုံးတွေကြည့်ရင်း သိပ်ပြီးအိုဗာလွန်ချိုအီမနေဘူးထင်တဲ့ စကားလုံးကိုရွေးချယ်လိုက်တယ်။"ကျွန်တော့်နှလုံးသားလေးမှာ အလုပ်လုပ်ဖို့နေရာမကျန်တော့ဘူး ဘာလို့လည်းဆိုတော့ခင်ဗျားတစ်ယောက်တည်းနဲ့တင်ပြည့်နှက်နေလို့"...ဒီစကားပြောရတာရှက်စရာကောင်းလိုက်တာ....
ဖုန်းရှင်းလန်၏မျက်လုံးအစုံကတော့နူးညံ့သွားကာ ရှေ့သို့တိုးလာရင်းထိုကောင်လေးဘာမှမတုန့်ပြန်နိုင်ခင် သူ့မျက်နှာပေါ်နမ်းလိုက်သည်။ထို့နောက် "ချိုလိုက်တာ" ဟုပါပြောလိုက်သည်။စုပေသတိပြန်ဝင်လာပြီးမျက်နှာတစ်ခုလုံးငရုတ်သီးကဲသို့ရဲရဲနီသွားသည်။သူကျိန်ဆဲလိုက်ချင်သော်လည်းစကားလုံးများက လည်ချောင်းတွင်တစ်နေကာပြောမထွက်ပေ။
ဒီဗီလိန်ကြီးက ပရောပရည်လုပ်တဲ့နေရာမှာတော်လွန်းတယ်!!!သူ mission ပြီးမြောက်အောင်လုပ်ပြီးထွက်မပြေးရင် သူနောက်ထပ်ခံစားချက်တွေထိန်းချုပ်လို့ရတော့မှာမဟုတ်ဘူး လို့ခံစားရတယ်။
ကားထဲမှာခက်ခဲသည့်အချိန်တစ်ချို့ဖြတ်သန်းပြီးနောက် မကြာမှီမှာပင်သူတို့စုပေအိမ်သို့ရောက်ရှိသွားကြသည်။သူတို့တံခါးဖွင့်ဝင်လိုက်ချိန်မှာ မေမေစုကမြင်သွားကာမျက်မှောင်နည်းနည်းကျုံ့သွားသည်။စုပေက တောက်ပစွာပြုံးရင်း ,
"အမေကျွန်တော်အိမ်ပြန်လာပြီ"
မေမေစုကသူမြင်တွေ့လိုက်ရသည့်အရာများကို မယုံကြည်နိုင်စွာတစ်လှမ်းချင်းတစ်လှမ်းချင်းချဥ်းကပ်လာသည်။သူမပုံစံကဆယ်စုနှစ်တစ်စုစာလောက်အသက်ကြီးသွားသလို သူမမျက်လုံးများတွင်လည်းမျက်ရည်များပြည့်လျှံလာသည်။ထို့နောက်သူမ၏တုန်ခါနေသည့် လက်ကိုမြှောက်ကာစုပေကိုပါးရိုက်လိုက်သည်။စုပေကတော့ပါးရိုက်ခံလိုက်ရသည့်အတွက်အနည်းငယ်မူးဝေနေချိန်မှာပင် မေမေစု၏အော်သံကိုကြားလိုက်ရသည်။
"မင်းမှာအခုထိအမေရှိသေးတယ်ဆိုတာကိုတော့ သိသေးတယ်ပေါ့လေဟမ်?!"
ESTÁS LEYENDO
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...