《116》[မိသားစု အရှုပ်​​တော်ပုံ]

5.5K 1K 53
                                    

[Zawgyi]

ဟန်စန်းရီက သူစ်တ်ဝင်စားတဲ့အရာနဲ့တွေ့ရင်
ဘယ်တော့မှ စိတ်ထိန်းချုပ်ထားမှာမဟုတ်။

ဟန်အိမ်တော်သို့ပြန်ရောက်တဲ့အခါမှာ စုပေသူ့
ယောက်ျားလေးအဝတ်အစားတွေကို ပြန်လဲ
လိုက်သည်။သို့သော်လည်း သူ့နှုတ်ခမ်းတွေကွဲ
ကာ ခြေကျင်းဝတ်ကလည်းယောင်ကိုင်းနေသဖြင့်
စုပေ စိတ်ဆိုးသွား၏။

ဟန်စန်းရီက ဒေါ်သထွက်နေသည့် စုပေကိုကြည့်ကာ ရယ်လိုက်သည်။
"မင်းဒီမှာ ရက်နည်းနည်းလောက်နေရမယ်ဆိုပြီး
မင်းမိသားစုကို အကြောင်းကြားခိုင်းလိုက်မယ်"

စုပေက ဟန်စန်းရီကိုလက်ခလည်ထောင်ပြလိုက်ကာ
အခြားနေရာကိုသာ ကြည့်နေတော့သည်။ဟန်စန်းရီ
သည် ဆရာဝန်ခေါ်ပြီး စုပေ၏ယောင်နေတဲ့
ခြေထောက်ကို ကြည့်ခိုင်း၏။

ဒါကခြေကျင်းဝတ် လည်သွားယုံပါပဲ။ဒါပေမယ့်
ပတ်တီးစည်းပြီးသွားတဲ့အခါမှာ ပေါင်မုန့်ကြီးတစ်လုံးလို ဖြစ်သွားလေသည်။ပြီးတော့ စုပေအတွက်
ဟန်စန်းရီတစ်ယောက် wheelchair တစ်လုံး
ပါပြင်ပေးထားသည်။

ဒုတိယမြောက်နေ့ကိုရောက်တဲ့အခါမှာ စုပေ
ဟန်အိမ်တော်ကိုရောက်နေတာကို
စုရှီသိသွားတဲ့အတွက် သူမမနက်စောစောကတည်းက ရောက်လာခဲ့သည်။စုပေကို စိတ်ပူလို့ဆိုတဲ့
ဆင်ခြေနဲ့ပေါ့။ခွေးတွေတောင်မှာ သူမရောက်လာတာ
ဟန်စန်းရီကြောင့်ဆိုတာ သိတယ်။

သေချာတာပေါ့...စုပေကို သူမဝတ်ကျေတန်းကျေသာ ကြည့်ပြီး ဟန်စန်းရီဘယ်ရောက်နေလဲဆိုတာသာ မေးတော့သည်။ဟန်စန်းရီက စာကြည့်ခန်းထဲမှာလို့ ပြောလိုက်တဲ့အခါမှာ
စုရှီသည် စုပေကိုမြန်မြန်
တွန်းကာ ဥယျာဉ် လမ်းလျှောက်ကြမယ်ဆိုပြီး
ခေါ်သွားသည်။

ဟုတ်တာပေါ့...စာကြည့်ခန်းကိုရောက်ဖို့ဆိုရင်
ဥယျာဉ်ထဲကနေ ဖြတ်လျှောက်ရတယ်လေ။သူတို့
ဥယျာဉ်ထဲကို ရောက်သွားတော့ စုပေကို
ရေကန်ဘေးနားမှာ ထားခဲ့ကာ စုရှီကတော့
ဟန်စန်းရီကိုသွားရှာလေသည်။

စုပေ လက်ခလည်တွေသာတောက်လျှောက်
ထောင်ပြနေတော့သည်။ဘယ်လိုလူမျိုးတွေလဲ
ခြေထောက်မကောင်းတဲ့သူကို တစ်ယောက်ထဲ
ထားခဲ့ရတယ်လို့!

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Where stories live. Discover now