《81》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

8K 1.6K 65
                                    

[Zawgyi]

နောက်ဆုံးတွင် တံခါးခေါက်သံကို စုပေလျစ်လျူရှု
မထားနိုင်သည့်အတွက် ဖြေရန်ထလိုက်သည်။
ထိုအချိန်မှာပဲ ရှောက်ချင်းရန်၏ဖုန်းဝင်လာသည်။
စုပေလမ်းလျှောက်နေရင်း ဖုန်းကိုင်လိုက်သည်။

သူ ဟယ်လို လို့ပြောပြီး တစ်ချိန်ထဲတံခါးဖွင့်လိုက်တယ်။
ထို့နောက် သူ့ဖုန်းအောက်သို့ပြုတ်ကျသွားသည်။
တစ်ဖက်ကရှောက်ချင်းရန်ကလည်း ဖုန်းကိုင်လိုက်ပြီး
ချက်ချင်း အောက်သို့ဖုန်းပြုတ်ကျသွားသံကို
ကြားလိုက်ရသည်။

ရုတ်တရက် ရှောက်ချင်းရန်က
တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိသဖြင့်
မျက်မှောင်ကြုတ်မိသွားသည်။ဒါပေမယ့်
မကြာခင်မှာပဲ စုပေဆီကနေ message ဝင်လာတယ်။

စုပေ : တောင်းပန်ပါတယ်။ဖုန်းပြုတ်ကျပြီးကွဲသွားလို့။ငါမင်းကို နောက်ကျမှပြန်ခေါ်လိုက်မယ်။

ရှောက်ချင်းရန်က ရုတ်တရက်ထရပ်လိုက်ကာ
ထိုင်ခုံပေါ်က suit ကိုယူပြီး ရဲစခန်းဆီတိုက်ရိုက်
ဖုန်းခေါ်လိုက်သည်။ထို့နောက် စုပေအိမ်သို့ချက်ချင်းသွားသည်။မိုးကပြင်းထန်စွာရွာသွန်းနေကာ
ကောင်းကင်ကြီးတစ်ခုလုံး အုံ့မှိုင်းနေသည်။

စုပေ၏အိမ်အောက်သို့ရောက်သောအခါ
ရှောက်ချင်းရန်
ချက်ချင်းဓာတ်လှေကားဖြင့် အပေါ်သို့တက်လိုက်သည်။
ထို့နောက် သူတံခါးကိုခေါက်ရင်း တစ်ချိန်တည်း
ဖုန်းခေါ်လိုက်သည်။

ဒါပေမယ့် စုပေဖုန်းကစက်ပိတ်
နေသလို တံခါးကနေလည်းဘယ်သူမှ ပြန်မဖြေကြား
ဘူး။ရှောက်ချင်းရန် တံခါးကိုကန်လိုက်သည်။
အကြိမ်အနည်းငယ်လောက် ကန်ပြီးသွားတော့မှ
တံခါးကပွင့်လာသည်။သို့သော်အိမ်ထဲမှာတော့ ဘယ်သူမှရှိမနေခဲ့ဘူး။

စုပေနိုးလာသည့်အခါ အရင်ဆုံး
အေးခဲတော့မတက်ဖြစ်နေသည့် အအေးဒဏ်ကိုခံစား
လိုက်ရသည်။သူပတ်ပတ်လည်ကို လိုက်ကြည့်သည်။
ကြည့်ရတာ စွန့်ပစ်ထားတဲ့စက်ရုံတစ်ခုဖြစ်လောက်
်တယ်။

သူနဲ့သိပ်မဝေးတဲ့ နေရာမှာ ချွဲကျိကျိဟင်းရည်အိုး
တစ်အိုးတည်ထားသည်။သူ့ခေါင်းက အရမ်းနာကျင်
နေသည်။ပြောရမယ်ဆိုရင် သူတံခါးဖွင့်ဖွင့်ချင်း
သူ့ခေါင်းကိုသတိလစ်သွားအောင် အရိုက်ခံလိုက်ရသည်။
ထို့ကြောင့်ဘယ်သူမှန်းမသိဘဲနဲ့ တံခါးမဖွင့်ပေးသင့်ဘူး။အဲ့တာက အရမ်းအန္တရာယ်များတယ်။
သူ့မှာ ဘာတွေဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora