《44》[အင်ပါယာအရှင်သခင်]

9.8K 1.7K 10
                                    

[Zawgyi]

ရုတ်တရက် ရထားလုံးကချိုင့်ဝှမ်းတွေကိုဖြတ်သန်းသွား
လိုက်သဖြင့် စုပေမျက်နှာချက်ချင်းအဖြူရောင်သို့
ပြောင်းလဲသွားသည်။အကြောင်းအရင်းမရှိဘဲ မုချင်းဟန်
ကစုပေကို သူ့လက်မောင်းကြားထဲဆွဲဖက်လိုက်တယ်။
ထိုအချင်းအရာကြောင့် စုပေအခင်းပေါ်မှာထိုင်နေစဉ်ထက်
ပိုပြီးနေလို့ကောင်းသွားသည်။ထို့ကြောင့် စုပေမရုန်းကန်
တော့ဘူး။မုချင်းဟန်ရဲ့ ခံစားချက်တွေကအနည်းငယ်
ရှုပ်ထွေးနေပေမယ့် ဘာစကားမှမဆိုဘူး။

သို့သော် ချိုင့်ဝှမ်းတွေဆီရောက်တိုင်း စုပေ မုချင်းဟန်အ
ပေါ်မှီလာသဖြင့် သူစုပေရဲ့အရေပြားတွေကိုခဏခဏထိတွေ့မိနေသည်။
ထိုအခါ မုချင်းဟန်ပြီးသည့်ညက ဖြစ်ပျက်ခဲ့သည့်
အရာများသည် စိတ်ထဲတွင် ထပ်ခါထပ်ခါပြန်ပေါ်လာသည်။
နောက်ဆုံးမှာတော့ မုချင်းဟန်ဒီငယ်ရွယ်တဲ့ဧကရာဇ်
လေးကို နောက်ထပ်အမြင်တစ်မျိုးဖြင့်ကြည့်လာသည်။
မက်မွန်းပန်းပုံမျက်ဝန်းတစ်စုံက နူးညံ့မယ့်ပုံပေါ်ပေမယ့်
လက်တွေ့တွင်တော့ရက်စက်လှသည်။

သူ့သွင်ပြင်က နူးညံ့သိမ်မွေ့တဲ့မိန်းကလေးလိုပုံစံမျိုး
ဖြစ်မနေပေမယ့် ကံဆိုးစွာပဲမနေ့ညက သူ့ခန္တာကိုယ်အတွက်
သူ(မုချင်းဟန်)ရူးသွပ်သွားရသည်။မုချင်းဟန် သူ့မျက်
ခုံးများကိုလက်ဖြင့်ပွတ်ကာ သူ့မျက်လုံးထဲမှအရိပ်အယောင်
တစ်ချို့ကိုဖုံးကွယ်လိုက်သည်။မကြာခင်မှာပဲ သူတို့နန်း
တော်ဆီပြန်ရောက်လာကြတယ်။စုပေထရပ်လိုက်စဉ်မှာ
ပဲ ရုတ်တရက်သူ့အနောက်ပေါက်လေးက အရမ်း
နာကျင်သွားသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးတောင့်သွားသည်။

မုချင်းဟန်၏ပျက်ရယ်ပြုသံကြီးထွက်လာသည်။
"အခုအရှင်မင်းကြီးနေမကောင်းဖြစ်နေတယ်။
ကျေးဇူးပြုပြီး ခေါင်းမာမနေပါနဲ့"
စုပေက ရုပ်တည်ကြီးဖြင့် ,
"ဒါဆိုလည်း ကိုယ်တော့်ကိုချီပြီးအောက်ချပေး"
သူ့မျက်နှာကိုမကြည့်ကြပါနဲ့။သူ ဒီနာကျင်မှုကြီးကြောင့်
အရှက်ရနေသည်။မုချင်းဟန် အလွန်အံ့ဩသွားပေမယ့်
စုပေကိုပြီး ရထားလုံးအပြင်ဘက်သို့ချပေးသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရတဲ့ နန်းတော်ကလူတိုင်း
shock ရသွားသည်။သို့သော်လည်း သူတို့အတွက်
အတင်းပြောစရာသတင်းတစ်ခုရသွားပြီဖြစ်သည်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Onde histórias criam vida. Descubra agora