ဥက္ကဌ၏ချစ်သူ​ကောင်​လေး

16.6K 2.4K 54
                                    

{Unicode}

《ငါးသိန်းပဲတန်တယ်??》

ဥာဏ်​ကောင်းလွန်း​သောဖုန်းရှင်းလန်က​တော့ စု​ပေဘာ​ကြောင့်​မေးမှန်းတန်းသိသည်။
"သူမမင်းဆီ​ရောက်လာတာလား?"

စု​ပေ စိတ်ထဲဗလာဖြစ်​နေကာလက်ထဲတွင်​တော့​ဘောပင်တစ်​ချောင်းကို လှည့်ပြီး​ဆော့ကစား​နေသည်။

"ဟင်းးး သူကကျွန်​တော့်ကို​တွေ့ချင်တယ်လို့​ပြောတာပါ ဒါ​ပေမယ့်အခုကျွန်​တော့်စိတ်ထဲမှာ ဇာတ်ညွှန်းတစ်ပုဒ်​​​ကိုပုံ​​ဖော်ကြည့်​နေတာ တကယ်လို့ကျွန်​တော်နဲ့သူမနဲ့​တွေ့တဲ့အခါကျရင် သူမကကျွန်​တော့်မျက်နှာကို​သန်းနဲ့ချီတဲ့ငွေထုပ်​တွေနဲ့ပစ်​ပေါက်ပြီး ခင်ဗျား​ဘေးနားကထွက်သွား တို့ဘာတို့ဆိုပြီး​ပြောမလားလို့​ပေါ့"

ဖုန်းရှင်းလန်၏ကျယ်​လောင်စွာရီသံကြီးက ဖုန်းကိုဖြတ်ကာစု​ပေနားထဲသို့​ရောက်လာသည်။
"မဟုတ်​လောက်ပါဘူး"

စု​ပေ​လေး​လေးနက်နက်ပြန်စဥ်းစားသည်။ဖုန်းရှင်းလန်က 'မဟုတ်​လောက်ပါဘူး' လို့​ပြောတယ်ဆို​တော့အဲ့ဒီ့အဓိပ္ပါယ်က သူမက သူ့ကိုပိုက်ဆံနဲ့ပစ်​ပေါက်ပြီးဖုန်းရှင်းလန်​ဘေးနားက​နေထွက်သွားလို့ မ​ပြော​လောက်ဘူး​ပေါ့။
ထို့​နောက်စု​ပေစိတ်မ​အေးနိုင်စွာထပ်​ပြောသည်။

"ဒါ​ပေမယ့်အဲ့လိုပုံစံက ချစ်သူရဲ့မိဘ​တွေနဲ့​တွေ့တိုင်းဖြစ်မယ့်သ​ဘောသဘာဝ​လေ ကျွန်​တော်​တော့အဲ့ကိစ္စနဲ့ပတ်သက်ပြီး​တော်​တော်စိတ်​လေးမိတယ်"

ဖုန်းရှင်းလန်ဘက်က​နေတစ်ခဏ​လောက်တစ်ဆိတ်သွားသည်။
"အများကြီး​တွေးမ​နေနဲ့ တစ်ခုခုဖြစ်ရင်ကို့ဆီဖုန်းလှမ်း​​ခေါ်လိုက်လို့ရတယ်"

တကယ့်အ​ရေးပါတဲ့အ​ကောင်ကြီးကြီးရဲ့​ထောက်ပံ့မှုနဲ့ဆို သူလည်းသတ္တိ​တွေရလာကာ စိတ်ဓါတ်ခွန်အားများမြင့်တက်လာသည်။
"အဲ့တာဆို ကျွန်​တော်သွား​တွေ့လိုက်မယ်"

ဖုန်း​ပြောပြီးတဲ့​နောက်မှာ​တော့ စု​ပေလက်ထဲက​ဘောပင်ကိုလွှတ်ပစ်ကာ အ​ပေါ်က​နေ hoodie ထပ်ဝတ်ကာထွက်သွား​လေသည်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Where stories live. Discover now