{Unicode}
《အာသီသပြင်းပြလာသောဆေးလိပ်သောက်ချင်စိတ်》
ဖုန်းရှင်းလန် ပြတဲ့ဓါတ်ပုံကိုကြည့်ရင်း စုပေပြောလက်စ စကားတစ်ကြောင်းလုံး ဆုံးအောင်မပြောလိုက်ရ။ ထွက်ခံနီးစကားလုံးတစ်ဝက်တစ်ပျက်ကိုပင် ပြန်မြိုချလိုက်ရသည်။ သို့သော်လည်းသူထိုဓါတ်ပုံကိုကြည့်ပြီး အမူအရာမပျက် တည်တည်ငြိမ်ငြိမ်နဲ့ဆက်ပြောတယ်။သူ့ပါးစပ်က ထပ်ထွက်လာတဲ့စကားတစ်ဝက်လောက်က ပြောင်းသွားပေမယ့်ပေါ့ .....
"အဟမ်း ကျွန်တော်ဒါတွေကိုအချိန်အကြာကြီးပေးပြီး မှာထားရတာပါ အရသာမြည်းကြည့်ပါဦး အကယ်၍အဲ့ဟင်းတွေကအရသာမကောင်းရင်လေ ကျွန်တော်အဲ့ဆိုင်ကို bad review တွေကြီးပဲပေးပြစ်မယ်သိလား ပြီးရင်လေ နောက်တစ်ဆိုင်ပြောင်းမှာပေးမယ်နော် ခင်ဗျားသိလား ကျွန်တော်နောက်ထပ်အရသာကောင်းတဲ့ စားသောက်ဆိုင် တော်တော်များများသိထားသေးတယ် မပူပါနဲ့...."
ချင်းကွမ်ရှောင်ကတော့ စုပေစကားတွေကြောင့်ထပ်ပြီး shock ရသွားတယ်။ စုပေတော့မသိ....သူမကတော့စုပေအစားတော်တော်ရှက်နေပြီ။ စုပေကတော့တကယ့်စံပဲ လိမ်ညာလို့ရတုန်းကတော့ လိမ်ညာပြီးပြောတယ်။ဟော...အခုလိမ်လို့မရသက်သေလည်းထွက်လာရော ချက်ချင်း လိမ်ညာတဲ့စကားကနေ ဝန်ခံတဲ့စကားအဖြစ်ပြောင်းလဲလိုက်တယ်.....အံ့သြပါရဲ့....
သူမ shock ရလို့မှမဆုံးသေး စုပေထပ်ပြောလိုက်နဲ့စကားကို ကြားပြီးသူမဘာလုပ်ရမလဲမသိဖြစ်သွားပြန်သည်။
"ပြီးတော့လည်း ပိုက်ဆံကချင်းကွမ်းရှောင်ရှင်းပေးလိုက်တာ"
ဒါ...ဒါ...သူမကိုပါ ဒီအဖြစ်မှာတစ်စက်တစ်ပိုင်းပါဝင်ပတ်သက်တယ်လို့ ဆိုလိုက်တာလား.....သူမဘာမှဝင်မပါရ ပါဘူး စုပေအတင်းဆွဲခေါ်လို့ပိုက်ဆံလေးရှင်းပေးလိုက်ယုံပါ...
အခုတော့ သူမပါစုပေမွှေတဲ့အရှုပ်ထုပ်ထဲကြံရာပါ အနေနဲ့ဆွဲသွင်းခံလိုက်ရပြီ...သူမဘာဆက်လုပ်ရမလဲ သူမကြားမညပ်ချင်ပါ ဒါပေမယ့် သူမဒီအရှုပ်ထုပ်ထဲကနေ ဘယ်လိုရုံးထွက်ရမလဲမသိသေး.....
YOU ARE READING
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...