[Zawgyi]
စုယုကို သူ့ဧကရီမယ်တော်က ပြောခဲ့တယ်။
အနာဂတ်မှာ ဒီတိုင်းပြည်ကြီးက သူ့အပိုင်ဖြစ်လာမှာ
တဲ့ ဘာလို့လည်းဆိုတော့ သူက ခမည်းတော်ရဲ့
တစ်ဦးတည်းထဲသော သားမို့လို့တဲ့။
သူကတော့ ဧကရီမယ်တော် မှားနေတယ်လို့
ခံစားမိတယ်။အကြောင်းကတော့ ခမည်းတော်က သူ့ကိုမချစ်မှန်း ခံစားမိလို့ပဲ။ထပ်ပြီးပြောရရင်
ခမည်းတော်က သူ့ကိုတစ်ခါလေးတောင်
လာမတွေ့ခဲ့ဘူး။စုပေက စုယုကိုကြည့်ပြီး ပြောလိုက်တယ်။
"ကိုယ်တော် ဒီကိုလာတာက
ကလေးကိုရက်နည်းနည်းလောက်
ခေါ်ထားချင်လို့ပဲ"
ဧကရီက အံ့အားသင့်သွားတယ်။
"အရှင်မင်းကြီး ဒါကရုတ်တရက်ဖြစ်လွန်းတယ်။
ကျွန်တော်မျိုးမ ဘာမှမပြင်ပေးရသေးဘူး"စုပေ လက်ကိုဝှေ့ယမ်းလိုက်ကာ ,
"မလိုပါဘူး။ကိုယ်တော် သူ့ကိုပဲခေါ်သွားမှာ"
ဧကရီက စုပေမှာ ဘာရည်ရွယ်ချက်တွေနေမှန်း
မခန့်မှန်းနိုင်ဘူး။
"မနက်ဖြန်ဆိုရင်ရော , ဒီတစ်ညတော့
ကျွန်တော်မျိုးမနဲ့ နေခွင့်ပေးပါ"မုချင်းဟန် ကဝင်ပြောလာတယ်။
"မင်းက အရှင့်သားနဲ့နေ့တိုင်း တူတူနေ နေတာပဲလေ , ဒါကြောင့် တစ်ညကဘာမှမခြားနားသွားဘူး"ဧကရီက ဖြူဖက်ဖြူရော်ဖြစ်လာပေမယ့်
ဘာမှမပြောတော့ဘူး။စုပေက စုယု၏
စိတ်အားထက်သန်နေသော မျက်ဝန်းများကို
မြင်လိုက်ရသဖြင့် မလွယ်ကူတော့ဘူးလို့
ခံစားလိုက်ရသည်။အဆုံးမှာတော့ သူကပထမဆုံး
အကြိမ် ဖခင်တစ်ယောက်ဖြစ်လာခဲ့တဲ့အတွက်
အချိန်ယူဖို့တော့ လိုအပ်သေးသည်။သူကပြောလိုက်တယ်။
"ယုအာ ရဲ့အမြင်ကိုနားထောင်ကြည့်ရင်ရော ,
သူ့မှာလည်း ကိုယ်ပိုင်ထင်မြင်ချက်တွေရှိမှာပေါ့"ဧကရီက ခေါင်းကိုနည်းနည်းစောင်းကာ
စုယုကို မျက်လုံးဖြင့် သတိပေးအချက်ပြနေသည်။
စုယုက နှုတ်ခမ်းကိုကိုက်လိုက်ကာ
အရဲစွန့်ပြီး ပြောလိုက်သည်။
"ကျွန်တော် ခမည်းတော်နဲ့လိုက်ချင်ပါတယ်"ဧကရီက မကျေမနပ်ဖြစ်သွားပေမယ့်
ဘာမှမပြောနိုင်တော့ဘူး။ပြန်လမ်းခရီးမှာ
စုပေက အနည်းငယ်တောင့်နေသော
စုယုကိုကြည့်လိုက်ကာ မုချင်းဟန်ကိုမေးလိုက်တယ်။
"ဆိုတော့ မင်းဘာပြောချင်လဲ"
မုချင်းဟန်က ဒီကလေးကမျက်စိစပါးမွှေးစူးတယ်
လို့ခံစားရပေမယ့် အမှန်အတိုင်းပဲပြောလိုက်တယ်။
"မျှော်လင့်ချက်ရှိသေးတယ်"
ESTÁS LEYENDO
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...